Home
မြန်မာသတင်း
ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ထောင် ၃ နှစ်ချ
DVB
·
August 24, 2022
301370172_1706724656380014_600292033505934083_n

ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို ဩဂုတ် ၂၄ ရက်က အိုးဘိုထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အမိန့်ချခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ဟာ ဧပြီ ၁၀ ရက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုခံထားရတာပါ။

“ဒီနေ့ ဧရာဝတီသတင်းထောက်ဟောင်း ဇော်ဇော်ကို အမိန့်ချတယ်။ ထောင်ဒဏ် ၃ နှစ် ချတယ်လို့ ကြားတယ်” တရားရေးအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို နန်းတွင်းစစ်ကြောရေးမှာ တလကျော်ကြာ စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကိုပို့ခဲ့ကာ မေလ ၆ ရက်နေ့က တရားရုံးစွဲတင် စစ်ဆေးတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024