DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ ၁ လီတာ ၃၀၀၀ ကျော်အထိ မြင့်တက်လာ
DVB
·
August 24, 2022
စက်သုံးဆီ ၁ လီတာ ၃၀၀၀ ကျော်အထိ မြင့်တက်လာ
Donate to DVB

စစ်ကောင်စီက ရုရှားကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းမယ်လို့ ပြောပြီးနောက် စက်သုံးဆီတလီတာကို သုံးထောင်ကျော်အထိ မြင့်တက်လာတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က ဒုတိယဗိုလ်ချုပ်ကြီးညိုစောပါဝင်တဲ့ ၁၀ ဦးကို ရုရှားနိုင်ငံထံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းဖြန့်ဖြူနိုင်ဖို့ ကော်မတီဖွဲ့ပေးပြီး တပတ်အကြာ အခုလိုစက်သုံးဆီစျေးနှုန်း မြင့်တက်လာတာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ချက်အရ ရန်ကုန်မှာ ရိုးရိုးဒီဇယ်တလီတာစျေးနှုန်း ၃၀၀၀ ကျပ်ဖြစ်ပြီး နေပြည်တော်နဲ့ မန္တလေးမှာ ၃၀၄၅ နဲ့ ၃၀၄၀ ဖြစ်ပါတယ်။

ပရီမီယံဒီဇယ်တစ်လီတာဈေးနှုန်းက ရန်ကုန်မှာ  ၃ဝ၈ဝ ကျပ်ဖြစ်ပြီး နေပြည်တော်နဲ့မန္တလေးမှာ တလီတာကို ၃၁၂၅ ကျပ်ဖြစ်ပါတယ်။

ဒီဇယ်စျေးမြင့်တက်လာလို့ ကုန်တင်ယာဥ်မောင်းတွေမှာ အရင်ကထက် တွက်ခြေမကိုက်တာကြောင့် အခက်အခဲဖြစ်ရပြီး အချို့မှာ လုပ်ငန်းနားထားရတယ်လို့ ကုန်တင်ယာဥ်မောင်းတဦးက  ပြောပါတယ်။

"အခုဆို ခေတ်ကလည်းမကောင်းဘူး။ လမ်းကြေး၊ တံတားကြေး၊ စစ်ဆေးရေးဂိတ် စစ်တပ်ကို ပေးရ၊ ရဲကိုပေးရနဲ့ အခုဆီစျေးကတက်တော့ ပိုဆိုးတယ်။ ဒီဇယ်စျေးကတက်နေ၊ ကုန်ကမရ အချို့ပိုင်ရှင်တွေဆို ကားတွေနားထားကြတယ်။" 

အလားတူ ဓာတ်ဆီ 92 တလီတာကို ရန်ကုန်မြို့မှာ ၂၄၄ဝ ကျပ်အထိဖြစ်လာပြီး  ဓာတ်ဆီ 95 တလီတာဈေးနှုန်းမှာ၂၅၂၅ ကျပ်အထိ ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ဆီက စက်သုံးဆီဆိုင်တွေမှာသာ ၂၄၄၀ ဖြစ်ပေမယ့် ပြင်ပလမ်းဘေးဆီဆိုင်တွေမှာတော့ တလီတ‌ေကို ၂၈၀၀ နီးပါးရှိတယ်လို့ ဆိုင်ကယ်ကယ်ရီသမားတဦးက ပြောပါတယ်။

"ဆီဆိုင်တွေက ဆိုင်ကယ်တွေမရောင်းတော့ လမ်းဘေးဆီဆိုင်မှာ ဝယ်ရတယ်၊ တလီတာ ၂၈၀၀ ဖြစ်နေပြီ။ ကယ်ရီတွေကလည်း ပိုတောင်းလို့ သိပ်မစီးကြတော့ဘူး။ ဆီစျေးကတက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။" 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စက်သုံးဆီစျေးနှုန်း တက်လာတဲ့အပေါ် ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ စစ်ကောင်စီက ဝန်ခံပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013