DVB Logo
Home
မြန်မာသတင်း
၂၀၁၄ ခုနှစ်ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်ဟု ဗြိတိန်ဆို
DVB
·
April 19, 2014
၂၀၁၄ ခုနှစ်ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်ဟု ဗြိတိန်ဆို
1 / 2
Donate to DVB

၂၀၁၄ ခုနှစ်ဟာ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် အဆုံးအဖြတ်ပေးမယ့် နှစ်တနှစ် ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးရဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စိုးရိမ်မကင်းဖြစ်စရာတွေကို တိုးတက်မှုရှိအောင်လုပ်ဖို့ အသက်တမျှ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

[caption id="attachment_37786" align="alignright" width="300"]ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋ္ဋိပက္ခ ဖြစ်ပွား နေစဉ် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋ္ဋိပက္ခ ဖြစ်ပွား နေစဉ်[/caption]၂၀၁၄ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထပ်ကျင်းပဖို့ရှိတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်လက်ဆွေးနွေးကြဖို့ရှိတာ၊ မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာနဲ့ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူတာတို့ဟာ ၂၀၁၄ ခုနှစ်ရဲ့ အဓိက ဖြစ်စဉ်တွေလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အခြေအနေဟာ အထိမခံဖြစ်နေပြီး နှစ်ဘက်အုပ်စုကြား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေသေးတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများကို လှုံ့ဆော်နေတာတွေကို ပိုမို အရေးယူ လုပ်ဆောင်ဖို့ အစီရင်ခံစာက တိုက်တွန်း ဖော်ပြပါတယ်။

တခြား စိုးရိမ်စရာကိစ္စတခုအဖြစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် အက်ဥပဒေပုဒ်မ ၁၈ ဟာ နိုင်ငံတကာစံနဲ့ မကိုက်ညီဘူးလို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကတိပြု လွှတ်ပေးခဲ့ပေမယ့် အကျသ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို နှစ်ပေါင်းများစွာအတွင်း အကျဉ်းထောင်တွေထဲ သွားရောက်ခွင့် ပေးခဲ့ပေမယ့် အကျဉ်းထောင်တွေထဲ နှိပ်စက်ညှဉ်းပမ်းမှု ရှိနေတုန်းလို့ စွပ်စွဲချက်တွေ ပေါ်ထွက်နေဆဲပဲလို့ ဗြိတိန်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စာမျက်နှာ ၉ မျက်နှာပါရှိတဲ့ ဗြိတိန်ရဲ့ မြန်မာပြည် လူ့အခွင့်အရေး အစီရင်ခံစာမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့်၊ တရားမျှတမှုရှိရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခနဲ့ အရပ်သားများ ကာကွယ်စောင့်ရှောက်ခြင်း၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ အမျိုးသမီးများ အခွင့်အရေး၊ လူနည်းစု အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး စသဖြင့် အခန်းကဏ္ဍ ၇ ခု ခွဲခြား ဖော်ပြထားပြီး ဒီ အစီရင်ခံစာကို ဧပြီလ ဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013