Home
မြန်မာသတင်း
မြောင်းမြမြို့လယ်ရှိ ခရိုင်ထွေအုပ်ရုံးအနီး ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
August 20, 2022
299026903_1520469415071881_7621064740101614463_n

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဩဂုတ် ၁၉ ရက်နေ့ညက ခရိုင်ထွေအုပ်ရုံးအနီးမှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းမြမြို့ အမှတ် ၄ ရက်ကွက်မှာရှိတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ည ၈ နာရီခွဲလောက် ဗုံး ၁ လုံးစတင်ပေါက်ကွဲခဲ့ပြီး နောက်တလုံးက ဘုရားချောင်းရပ်ကွက်က စသုံးလုံးရုံးရှေ့မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ညကဖြစ်သွားတာက ၂ နေရာပေါ့။ မြို့လယ်ခေါင်က ထွေအုပ်ရုံးရှေ့နဲ့ စသုံးလုံးရုံးရှေ့တွေ ပေါက်တာ၊ အထိခိုက်တော့ မသိဘူး။ ရုံးဆင်းချိန်ဆိုတော့ ထိတာမရှိလောက်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

မြောင်းမြမြို့မှာ ဗုံးပေါက်ကွဲမှုတွေ မရှိတော့တာ လပိုင်းအကြာမှာ ခုလိုမျိုး စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်တာတွေ လုပ်လာပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ဒေသခွဲကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကြပ်လာသလို နေရာအနှံ့ စစ်ဆေးတာတွေရှိခဲ့ပေမယ့် ဩဂုတ်လထဲမှာတော့ ဧရာဝတီတိုင်းအတွင်း ပထမဆုံး စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာ ဖောက်ခွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024