DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သားများ တင်လာသည့်ကား သစ်ပင်နှင့်တိုက်မိပြီး တိမ်းမှောက် ၄ ဦးသေဆုံး
DVB
·
August 18, 2022
ထိုင်းတွင် မြန်မာလုပ်သားများ တင်လာသည့်ကား သစ်ပင်နှင့်တိုက်မိပြီး တိမ်းမှောက် ၄ ဦးသေဆုံး
Donate to DVB

ထိုင်းတောင်ပိုင်း၊ နခွန်းဆီထမရတ်ခရိုင်၊ ကျူလာဖွန်းမြို့နယ်ထဲမှာ ဩဂုတ် ၁၇ ရက်က တရားမဝင် မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား ၁ စီး ဘီးပေါက်ပြီး သစ်ပင်နဲ့ ဝင်တိုက်ကာ ၄ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသွားတယ်လို့ 77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကျူလာဖွန်းမြို့နယ် ဆာမ်တမ်ဘွန်းရပ်ကွက်ရှိ အမှတ် ၄၁ အာရှလမ်းမကြီးတနေရာမှာ မနေ့ မနက် ၁၁ နာရီလောက်က ယာဉ်မတော်တဆတိမ်းမှောက်လို့ လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်နေတဲ့ ကားတစီးကို တွေ့ရှိရတယ်လို့ ကျူလာဖွန်းနယ်မြေရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ပျက်စီးနေတဲ့ကားထဲက ထိခိုက်ဒဏ်ရာ လူနာတွေရော၊ အနီးအနား ပြန့်ကျဲလဲကျနေသူတွေမှာ စုစုပေါင်း ၇ ဦးရှိပြီး ၃ ဦးပွဲချင်းပြီး သေဆုံးကာ ကျန် ၄ ဦးကို နီးစပ်ရာ ဆေးရုံတွေ ဆီ အမြန်ဆုံးပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရ အမျိုးသား ၁ ဦးမှာ ဆေးရုံရောက်ပြီးမကြာခင် သေဆုံးသွားလို့ စုစုပေါင်း သေဆုံးသူ ၄  ဦးရှိတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူတွေ ပြောပြချက်အရ ကားပေါ်မှာ မြန်မာနိုင်ငံသား ၃၃ ယောက် လိုက်ပါလာကြောင်း၊ သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ရနောင်းမြို့ကနေ ထွက်လာကြရာ လမ်းခုလပ်မှာ ကားဘီးပေါက်ပြီး လမ်းဘေးသစ်ပင်ကို အရှိန်ပြင်းစွာဝင်တိုက်မိတာလို့ ဆိုပါတယ်။ 

ကားထဲက ဒဏ်ရာမပြင်းတဲ့သူ အယောက်  ၂၀ ကျော် ထွက်ပြေးသွားကြသလို ယာဉ်မောင်းသမားလည်း ဒဏ်ရာအနည်းငယ်နဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

ထိုင်းတာဝန်ရှိသူတွေက ထွက်ပြေးတဲ့လူတွေကို လိုက်လံစုံစမ်းဖမ်းဆီးနေပြီး တချို့ကို ပြန်ဖမ်းမိကြောင်း၊ သူတို့ဟာ နယ်မြေမကျွမ်း၊ ထိုင်းစကားမတတ်တဲ့အတွက် မကြာခင်အားလုံးကို ပြန်ဖမ်းမိမယ်လို့ ယုံကြည်ကြောင်း  ကျူလာဖွန်ရဲစခန်းက ပြောပါတယ်။

ကိုးကား - 77kaoded

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013