DVB Logo
Home
မြန်မာသတင်း
မန္တလေး FEA တပ်ပေါင်းစုမှ ရဲဘော် ၄ ဦး လက်နက်များနှင့် ပျောက်ဆုံးနေ
DVB
·
August 17, 2022
မန္တလေး FEA တပ်ပေါင်းစုမှ ရဲဘော် ၄ ဦး လက်နက်များနှင့် ပျောက်ဆုံးနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုဘက်ကို လက်နက်သွားဝယ်ပြီး ပြန်လာတဲ့ FEA တပ်ပေါင်းစုအဖွဲ့က ရဲဘော် လေးယောက်ဟာ ဩဂုတ် ၁၆ ရက် ညနေ ၃ နာရီမှာ မန္တလေးမြို့ကို ပြန်ဝင်စဉ် လက်နက်တွေနဲ့အတူ ပျောက်ဆုံးနေတယ်လို့ Anonymous Force Mandalay (AFM) က ထုတ်ပြန်ပါတယ်။

AFM အဖွဲ့ခေါင်းဆောင် ဗိုလ် Tiger က “မနေ့ညနေပိုင်းက အပြင်သွားမယ်ပြောပြီး စ အဆက်အသွယ် ပြတ်သွားတာပါ။ ခုထိတော့ အဆက်အသွယ် မရသေးဘူး။ လက်နက်တွေ နောင်ချိုကနေ မန္တလေးအထိ သယ်ပြီးပြီလို့ပြောတယ်။ ညနေပိုင်း အပြင်သွားချိန်မှာ အဆက်အသွယ်မရတော့တာ။ အခုက လေးယောက်လုံး အဆက်အသွယ်ပြတ်နေတော့ အ​​ခြေအနေ မသိရသေးဘူး” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ရဲဘော်လေးယောက်နဲ့အတူ ပစ္စတိုနှစ်လက်၊ Ak47 တလက်နဲ့ တခြားအဖွဲ့က လက်နက်ခဲယမ်းတွေလည်း ပါဝင်ပြီး တန်ဖိုးအားဖြင့် Local PDF နဲ့ Anonymous Force Mandalay -AFM ၂ ဖွဲ့ပေါင်း သိန်း ၂၀၀ ဖိုးရှိတယ်လို့ AFM အဖွဲ့ခေါင်းဆောင် ဗိုလ် Tiger က ပြောပါတယ်။

လက်ရှိအချိန်မှာ Under Control အခြေအနေ သတ်မှတ်ထားပြီး ပျောက်ဆုံးနေတဲ့ မန်းမိုးကြိုးအပါအဝင် ရဲဘော် လေးယောက်နဲ့ ပတ်သက်‌နေသူတွေ သတိထားရှောင်ရှားကြဖို့ FEA တပ်ပေါင်းစုက သတိပေးထားပါတယ်။

မန္တလေးမြို့အခြေစိုက် UG မဟာမိတ်တပ်ပေါင်းစု (FEA) ကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)၊ Emerald Girls Army (EGA) နဲ့ Anonymous Force Mandalay (AFM) တို့ ပါဝင်ဖွဲ့စည်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013