DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း တိုက်ပွဲတွင် PDF တပ်ခွဲမှူးအပါအဝင် ရဲဘော် ၂ ဦး ကျဆုံး
DVB
·
August 17, 2022
စစ်ကိုင်းတိုင်း တိုက်ပွဲတွင် PDF တပ်ခွဲမှူးအပါအဝင် ရဲဘော် ၂ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း တနေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကိုင်းခရိုင် တပ်ရင်း ၃​ ရဲ့ တပ်ခွဲမှူးအပါအဝင် PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က စစ်ကိုင်းတိုင်းအတွင်း တနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း ၃ မှာ တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေတဲ့ စစ်ကိုင်းသမဝါယမတက္ကသိုလ်ကျောင်းသား ရဲဘော်မင်းဒင်နဲ့ ရဲဘော်မြတ်မင်းတို့ ကျဆုံးသွားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး စာရင်းကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်မဟာမိတ်တပ်ရင်း ၂၅၇ ရင်းရှိပြီး ဒီထဲက တပ်ရင်း ၁၀၁ ရင်းကို ဝန်ကြီးဌာနက စိစစ်အတည်ပြုပြီး ကျန်တဲ့ တပ်ရင်းတွေကိုလည်း ဆက်လက်စစ်ဆေး အတည်ပြုနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ တနှစ်ပြည့် အစီရင်ခံစာမှာ ပြောထားပါတယ်။

မြို့နယ်တွေကို အခြေခံဖွဲ့စည်းတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းပြီးဖြစ်ကာ မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား အဖွဲ့ပေါင်း ၄၀၀ ကျော်ကို ဝန်ကြီးဌာနက စာရင်းပြုစုရရှိထားပြီး ဒီထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013