DVB Logo
Home
မြန်မာသတင်း
ရေစကြို-PDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
DVB
·
August 17, 2022
ရေစကြို-PDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၆ ရက် မနက် ၈ နာရီလောက်က ရေစကြို-PDF အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၈ သင်တန်းဆင်းပွဲကျင်းပခဲ့ တယ်လို့ ရေစကြို-PDF ကနေ သိရပါတယ်။

ရေစကြို-PDF တာဝန်ခံ ဗိုလ်မှိုင်းတေဇက “ကျနော်တို့ ရေစကြိုမြို့နယ်ဆိုတာက တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၃ ရင်းထိုင်ထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ကလည်း ကပ်နေတယ်။ ခဏနေရင် လေယာဥ်သံကြားလိုက်၊ ခဏနေရင် စစ်ကြောင်းထိုးမယ်ကြားလိုက်၊ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲဘော်ရဲမေတွေကို အခြေခံစစ်ပညာ သင်တဲ့နေရာမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သင်ခန်းစာတွေသင်တဲ့နေရာမှာ လက်တွေ့သင်ကြားပြသပေးဖို့အတွက် သင်ထောက်ကူ လက်နက်ကြီး၊ လက်နက်ငယ်တွေ နည်းပါးတယ်လို့ ဆိုပါတယ်။

ဗိုလ်မှိုင်းတေဇက “စစ်ကောင်စီစစ်ကြောင်းတွေရှိနေလို့ ကျနော်တို့က သင်တန်းအတွက် စည်းတွေထားထားရတယ်။ ပထမစည်းမှာဆိုရင် နည်းနည်းသတိထားရမယ်။ ဒုတိယစည်းမှာ တပ်လှန့်ထားပြီး တတိယစည်းမှာတော့ သင်တန်းအားလုံးကို ရပ်နားပြီး စစ်ပြင်ဆင်ဖို့ စီစဥ်ရတယ်” လို့ ပြောပါတယ်။

အခုအပတ်စဥ် ၈ မှာတော့ စစ်ကြောင်းနဲ့ မကြုံတွေ့ခဲ့ဘဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၄ တုန်းကတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ သင်တန်းရပ်နားလိုက်ရပြီး အစကနေ ပြန်လည်စတင်ခဲ့ရတာ ကြုံဖူးခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြို-PDF အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၈ ကို သြဂုတ်လ ပထမပတ်မှာ စတင်ခဲ့ပြီး သင်တန်းကာလ ၁၀ ရက် သင်ကြားပို့ချပေးခဲ့ကာ မွမ်းမံသင်တန်းတွေလည်း ထပ်မံပို့ချဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013