Thursday, June 8, 2023
HomeLead Storyစစ်အာဏာရှင်ကျဆုံးရေး စုစည်းညီညွတ်စွာ လုပ်ဆောင်ကြရန် ယင်းမာပင် PDF ခေါင်းဆောင် တိုက်တွန်း

စစ်အာဏာရှင်ကျဆုံးရေး စုစည်းညီညွတ်စွာ လုပ်ဆောင်ကြရန် ယင်းမာပင် PDF ခေါင်းဆောင် တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင်တယောက်က စစ်အာဏာရှင် ကျဆုံးရေးအတွက် PDF တပ်ရင်းတပ်ဖွဲ့တွေအားလုံး စုစုစည်းစည်းနဲ့ ဒီထက်မက လုပ်ဆောင်ကြဖို့နဲ့ ပြည်သူတွေဘက်ကလည်း သူလျှိုဒလန် မလုပ်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ရင်ပေါင်တိုင်ကျေးရွာဖြစ်စဥ်အပြီး အခုလို တိုက်တွန်း ပြောဆိုခဲ့တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့အရေး အားလုံး လက်တွဲညီစွာ ဇွဲလုံ့လ မလျော့ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရင်ပေါင်တိုင်ကျေးရွာကို ဒလန်သတင်းပေးမှုကြောင့် သြဂုတ် ၁၁ ရက်မှာ စစ်ကောင်စီတပ်က  လေကြောင်းကနေ ပစ်ခတ်ဝင်ရောက် လာတာကြောင့် ပြည်သူအများအပြား ပိတ်မိ ဖမ်းဆီးခံခဲ့ရသလို PDF တချို့နဲ့ ဒေသခံတွေ အသက်ဆုံးရှုံးခဲ့ကာ အိမ်မွေးတိရစ္ဆာန် အများအပြားလည်း သေဆုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေနဲ့ ပြည်သူပိုင်ကား၊ ဆိုင်ကယ်တွေလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို ယင်းမာပင်ခရိုင်တပ်ရင်းမှူး ဒူချွန်နဲ့ CNA တပ်ရင်းမှူးတို့ရဲ့ ဦးစီးဆောင်ရွက်မှုနဲ့အတူ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူတချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကယ်ထုတ်နေစဥ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်သလို စစ်အင်အားလည်း ထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အဲဒီနောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင် ဆရာစံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကို ယင်းမာပင်ခရိုင် တပ်ရင်းမှူး ဒူချွန်အဖွဲ့နဲ့အတူ CNA တပ်ဖွဲ့၊ ဆရာစံ PDF တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၉၊ တပ်ရင်း-၁၃ (PRA) အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၁၊ ရိုးမဖိုက်တာအဖွဲ့၊ ရိုးမရာဇာအဖွဲ့၊ Young Ranger Force(YRF) အဖွဲ့၊ MRDA အဖွဲ့၊ Aung San Force အဖွဲ့၊ God of Myang အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၊ တပ်ရင်း-၇၊ တပ်ရင်း ၈ နဲ့ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ Local PDF တွေ ပူးပေါင်းတိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေဟာ စစ်ရေးကို ပူးပေါင်းဆောင်ရွက်လာနိုင်ပြီး စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းရှိ ရဲဘော်ရဲဘက်တွေကလည်း လက်တွဲညီညီနဲ့ စည်းလုံးစွာ တိုက်ပွဲဖော်ဆောင်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် လုံးဝ ဇွဲလျှော့ အားလျော့သွားတာမျိုး မဖြစ်ကြဖို့၊ သူလျှိုဒလန်လုပ်မယ့်သူတွေအနေနဲ့လည်း အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ငဲ့ညှာပြီး မပြုလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင်လည်း PDF အဖွဲ့တွေက NUG အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်သင့်တာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular