DVB Logo
Home
မြန်မာသတင်း
PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ဝင်များ ICOM လက်ကိုင်စကားပြောစက်ဝယ်ယူရန် ပျိုးနုတ်
DVB
·
August 16, 2022
PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ဝင်များ ICOM လက်ကိုင်စကားပြောစက်ဝယ်ယူရန် ပျိုးနုတ်
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ICOM လက်ကိုင်စကားပြောစက်ဝယ်ယူနိုင်ဖို့ စပါးပျိုးနုတ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေကြတယ်လို့ PDF-ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့က ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မကြာခဏ ဖြတ်တောက်ခံနေရလို့ တပ်ဖွဲ့၊ တပ်ခွဲ (၃) က ရဲဘော်တွေဟာ ICOM လက်ကိုင်စကားပြောစက် ဝယ်ယူနိုင်ဖို့ ပြည်သူတွေရဲ့ လယ်မြေတွေမှာ ပျိုးနုတ်တဲ့ လုပ်ငန်း လုပ်ကိုင်နေကြတာလို့ PDF-ဂန့်ဂေါ တောင်ပိုင်တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့က ရဲဘော်တွေဟာ  အားလပ်နေတဲ့ အချိန်မှာ တရွာလုံးမှာရှိတဲ့ လယ်တွေမှာ ပျိုးနုတ်ဖို့အတွက် ကြိုတင် ဘိုကင်ချိတ်ထားကြပြီး လုပ်ကိုင်နေကြတာဗျ။ ရရှိလာတဲ့ လုပ်အားခတွေကို ICOM လက်ကိုင်စကားပြောစက် ဝယ်ယူမှာဖြစ်ပြီး ပြည်သူ့ပညာရေးအစီစဥ်နဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းက ကလေးငယ်တွေကို ဝက်သားဆန်ပြုတ်၊ ကြက်သားဆန်ပြုတ်တွေ အာဟာရကျွေးမွေးတယ်။ ဥပုသ်နေ့တွေမှာလည်း ပျိုးနုတ်လို့ရတဲ့ ငွေတွေနဲ့ ဥပုသ်သည်တွေကို ဆွမ်းကျွေးတာတွေပြုလုပ်ခဲ့တယ်။” 

လုပ်အားခအနေနဲ့ကတော့ ပျိုးတလက်ကို ၁၀၀ ကျပ်ရပြီး ICOM စက်ကတော့ တလုံးကို ၁၅၀,၀၀၀ ကျပ်လောက် ပေါက်စျေးရှိကြောင်း၊ လက်ရှိအချိန်က နှမ်းခုတ်၊ နှမ်းခါချိန်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ကလည်း တပ်ဖွဲ့အတွင်း စားနပ်ရိက္ခာဖူလုံရေး၊ အသေး စရိတ်တွေ ရရှိရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ဖူလုံအောင် စပါးစိုက်ပျိုးနေကြတယ်လို့ သြဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အားလပ်တဲ့အချိန်တွေမှာ ပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေကြသလို ရရှိလာတဲ့ လုပ်အားခတွေကိုလည်း အများပြည်သူအကျိုးပြုတဲ့ လုပ်ငန်တွေမှာ ပြန်လည်အသုံးပြုနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013