DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးမြင့်တက်ပြီး ဝယ်မရသဖြင့် မန္တလေးက လူမှုကူညီရေးအသင်းအချို့ ရပ်နားထားရ
DVB
·
August 15, 2022
စက်သုံးဆီဈေးမြင့်တက်ပြီး ဝယ်မရသဖြင့် မန္တလေးက လူမှုကူညီရေးအသင်းအချို့ ရပ်နားထားရ
Donate to DVB

မန္တလေးမြို့မှာ လက်တလောဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးအဆမတန်ကြီးတာနဲ့ အလွယ်တကူ ဝယ်မရတဲ့ အခြေအနေကြောင့် လူမှုကူညီရေးအသင်းတချို့ ကားများကို ရပ်နားထားရပါတယ်။

ရပ်နားထားတာနဲ့ပတ်သက်လို့ တချို့အသင်းတွေအနေနဲ့ လူမှုကွန်ရက်ကနေ အသိပေးတာတွေ ရှိပေမယ့် တချို့ အသင်းတွေကတော့ အသိပေးတာမရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တခုမှ တာဝန်ရှိသူတဦးက “အဓိကပြဿနာဖြစ်မှာက နာရေးပို့နေတဲ့ အသင်းတွေပဲ။ သူတို့က ပုံမှန်လမ်းကြောင်းထွက်နေရတာ။ ကျန်တဲ့ အရေးပေါ်လမ်းကြောင်းတွေကတော့ ဆီမရှိတဲ့ အသင်းတွေက နားပေါ့။ ထွက်တဲ့ အသင်းတွေကလည်း အများသူငှာနည်းတူ ဆီရဖို့ တန်းစီပြီး ထွက်ဖို့ ပြင်ထားရတာပေါ့” လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ဓာတ်ဆီဝယ်ရဖို့အတွက် တန်းစီနေရပြီး မနက်ခင်း ဆိုင်မဖွင့်ခင်ကတည်းက စောင့်ဆိုင်းနေရတာတွေလည်း ရှိပါတယ်။

မန္တလေးမြို့က ဆီဆိုင်ကြီးတွေမှာ 92 ဓာတ်ဆီ တလီတာကို ၂၃၀၀ ကျော်နဲ့ 95 ဓာတ်ဆီ တလီတာကို ၂၄၀၀ ကျော် ဈေးရှိပေမယ့် စက်သုံးဆီ အလွယ်တကူဝယ်မရတဲ့အတွက် အပြင်မှာ ရောင်းချတဲ့ ဘူးထောင်များ ဝယ်ထည့်ရာမှာ တစ်လီတာ ၄၀၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013