Home
မြန်မာသတင်း
Ranger Kalay Defend Force က မြေကွက်ရောင်းပြီး ရန်ပုံငွေရှာ၊ တစောင် ၂ သောင်းဖြင့် ပါဝင်နိုင်
DVB
·
August 15, 2022

ဘဏ္ဍာရေးအခက်အခဲကြောင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Ranger Kalay Defend Force က ဘိုးဘွားပိုင်မြေကွက်တကွက်ကို ရောင်းပြီး ရန်ပုံငွေရှာဖွေနေပြီး တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့  ဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

“ကျနော်တို့ဟာ ပြည်သူလူထုအခက်အခဲကို နားလည်သည့်အတွက် အလှူခံသည့်သဘောမဟုတ်bJ မိဘ ဘိုးဘွားပိုင်မြေကွက် မဲစနစ်ပြုလုပ်ပြီး ရန်ပုံငွေရှာရခြင်း ဖြစ်ပါတယ်။ ငွေ ၂၀၀၀၀ ဆိုတာ လူတိုင်းတတ်နိုင်တဲ့ ပမာဏမို့ တစောင်ဖြစ်ဖြစ် အားပေးကြပါရန် တောင်းဆိုအပ်ပါသည်။”

ပေ ၁၀၀ X ပေ ၄၀ အကျယ်အဝန်းရှိတဲ့ ဒီမြေကွက်ရောင်းချမှုမှာတော့ လက်မှတ်စောင်ရေ ၃၀၀၀ တိတိ ရောင်းချသွားမှာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရှိထားခဲ့တဲ့ ရန်ပုံငွေတွေထဲက ၉၀ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ ပြောပေမယ့် မြေပြင်မှာတော့ လက်နက်အင်အားတောင့်တင်းတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် အများအားဖြင့် အပေါ့စားလက်နက်တွေ၊ အခြေခံသုံးရိုင်ဖယ်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို သုံးနေရသလို လိုအပ်ချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024