Home
မြန်မာသတင်း
မုံရွာမြို့ဝင် မအူဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၆ ဦး သေဆုံး
DVB
·
August 15, 2022

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဩဂုတ် ၁၅ ရက် မနက် ၂ နာရီလောက်မှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၄၅ မိနစ်ကြာ နှစ်ဖက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီမအူဂိတ်ကို အထူးစစ်ဆင်ရေး တခုအနေနဲ့ ပြောက်ကျားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ၆ ယောက် ပွဲချင်းပြီး သေတာ တွေ့တယ်။ ဒဏ်ရာ ရသူတွေလည်း များတယ်။” 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗုံးပစ်လောင်ချာ ၄၀ မမ အပါဝင် စက်သေနတ်တွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို  မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း‌ ၂၊ ၃၊ ၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) က ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ ၃၊ ၄ ရဲ့ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ တပ်ခွဲ ၂၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ တပ်ခွဲ ၃၊ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (Northwest Plains Revolutionary Forces-NPRF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၇ ရက်ကလည်း မုံရွာမြို့အဝင် မအူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024