
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အမှတ် ၅၀၉ တပ်ရင်းက ရဲဘော် ၂ ယောက်ကို ရည်စူးပြီး ဩဂုတ် ၁၄ ရက်မှာ ကုသိုလ်ကောင်းမှု လုပ်ပေးခဲ့တယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"နောင်ချိုဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာ ကျဆုံးတာပါ။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဘက်က သေ ဆုံးတာရှိသလို ကျနော်တို့ဘက်က ရဲဘော် ၂ ဦး အသက်ပေးသွားခဲ့ရပါတယ်။ သူတို့ နှစ်ယောက်အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်ပေးတာပါ။"
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဌာနရဲ့ လမ်းညွှန်မှုအောက်မှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေမှာ ရှမ်းမြောက်မြို့နယ်အသီးသီးက ပညာတတ် လူငယ်လူရွယ် အမျိုးသား၊အမျိုးသမီး ထောင်ဂဏန်းနီးပါ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။