DVB Logo
Home
မြန်မာသတင်း
ရွှေတောင်မြို့နယ် အတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး
DVB
·
April 13, 2014
ရွှေတောင်မြို့နယ် အတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံး
Donate to DVB

ဧပြီလ ၁၂ ရက်နေ့ ညနေက ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် အတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး အိမ် ၂၀ ခန့် ပျက်စီးပြိုကျခဲ့ပါတယ်။

Shwe Taung 1ညနေ ၇ နာရီခန့်မှာ မိုးနဲ့အတူ ပါလာတဲ့ လေကြမ်းကြောင့် ရွှေတောင်မြို့အထွက် ၂ မိုင်ခန့် အကွာက ကျို့ကုန်းကျေးရွာ လမ်းဘေးသစ်ပင်တွေ ပြိုကျကာ ဘုရားဖူး လိုက်ထရပ်ကား တစီးပေါ်ကို ပိမိပြီး အသက် ၆၀ ကျော် အဖိုးအိုတယောက်နဲ့ အသက် ၄၀ ကျော် အမျိုးသားတဦးတို့ နေရာမှာပင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး ၅ ယောက်မှာ ဒဏ်ရာရရှိခဲ့သဖြင့် ပြည်ဆေးရုံကြီးသို့ အရေးပေါ် ပို့ခဲ့ရပါတယ်။

အဲဒီ လေကြမ်းကြောင့် ကသစ်တန်းရွာက အိမ် ၄ လုံးပြိုပြီး ၇ လုံး ပျက်စီးသွားခဲ့ပါတယ်။ ရှင်ငယ်ကျေးရွာက အိမ် ၂ လုံး ပျက်စီးပြီး ၁ လုံး ပြိုကာ မာလကာကုန်း ကျေးရွာက အိမ် ၃ လုံး ပြိုပြီး ၂ လုံး ပျက်စီးသွားခဲ့ပြီး စုစုပေါင်းအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားပါတယ်။

ဒေသခံစစ်တပ်၊ ရဲ၊ မီးသတ်တို့နဲ့အတူ ရွှေတောင်မြို့က လူမှုအသင်းအဖွဲ့များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လာရောက်ကူညီပြီး သစ်ပင်များနဲ့ လမ်းကို ပိတ်နေတဲ့ ကားလမ်းကို ညတွင်းချင်း ရှင်းလင်းပေးခဲ့ကြပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံကို ပို့ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013