
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခဲ့တဲ့ စစ်ကောင်စီတပ်စက်လှေကို ဒီနေ့ ဩဂုတ် ၁၃ ရက် မနက် ၉ နာရီလောက်က ပစ်ခတ်ခဲ့လို့ စစ်လှေပေါ်ပါ စစ်သား ၄ ယောက် သေဆုံး၊ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်က အဆိုပါ စက်လှေပေါ်ကနေလှေပေါ်ကနေကမ်းဖြူကျေးရွာ၊ ရွာသာကျေးရွာ၊ အင်ဒေါင်းကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။
ဒါ့ကြောင့် သူတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က G 3 သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ စက်လှေပေါ်ပါ စစ်သားတွေ ထိခိုက်သေဆုံးခဲ့ တာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကျား ကြီးက "သူတို့က ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ အဖွဲ့။ ဒီမနက် အနောက်ဘက်ကနေ လာပစ်တာကို ကင်းစောင့်အဖွဲ့တွေက အရင်စီးကြိုပြီး G3 သုံးလက်နဲ့ ပစ်လိုက်တာ။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ရောလက်နက်ငယ်နဲ့ရော ပစ်သေးတယ်" လို့ ပြောပါတယ်။
ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ဒေသခံတွေ ရဲ့ စက်လှေ၊ မော်တော်တွေကို သိမ်းယူသွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ပြောပါတယ်။
ဒီဖြစ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။