DVB Logo
Home
မြန်မာသတင်း
ရှားစေးချက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ ပြည်သူအချို့ဖမ်းဆီးခံရပြီး ၁ ဦး အသတ်ခံရ
DVB
·
August 12, 2022
ရှားစေးချက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ ပြည်သူအချို့ဖမ်းဆီးခံရပြီး ၁ ဦး အသတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရှားစေးချက်ရွာကို ဩဂုတ် ၁၂ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူတယောက်အား သတ်ဖြတ်ကာ ၅ ယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၁ ရက်နေ့ ညနေပိုင်းမှာ ရှားစေးချက်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက် ညအိပ်စခန်းချပြီးနောက် ဒီနေ့မနက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ရွာခံတယောက်က လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်း သူတို့ ပြန်ထွက်ခါနီးမှာ မီးရှို့ ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်။ စစ်(…)တွေဟာ ရွာကို ညနေပိုင်း ဝင်ဝင်ချင်း ရွာရဲ့ ပ.က.ဖ ကင်းကို ဖျက်ဆီးလိုက်တယ်။ ပြည်သူတွေမွေးမြူထားတဲ့ ကြက်တွေ၊ ဆိတ်တွေကို သတ်ဖြတ်စားသောက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ သူတို့ ညအိပ်စခန်းချခဲ့တဲ့ အိမ်ကနေ မီးစရှို့ခဲ့ကြတာ။ တချို့ မလောင်တဲ့အိမ်တွေမှာဆိုရင် ကုတင်အောက်တွေမှာ လောင်စာတွေ သွင်းပြီး မီးရှို့သွားတယ်။” 

စစ်ကောင်စီတပ်ဟာ ရွာတောင်ဘက်နားမှာ အသက် ၂၀ အရွယ် လူငယ်တယောက်ကို သတ်ဖြတ်သွားသလို ပြည်သူ ၈ ယောက်ကိုလည်း ညကတည်းက ဖမ်းဆီးသွားပြီး မနက်ပိုင်းမှာ ၃ ယောက်သာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်(…)တွေ ရွာဘက်ကို စစ်ကြောင်းထိုးလာပြီလို့ သတင်းကြားကတည်းက ရွာလုံးကျွတ် အသက်လုပြီး ထွက်ပြေးခဲ့ရတာ။ စားနပ်ရိက္ခာတွေလည်း ပါမလာကြဘူး။ တောထဲတွေမှာပဲ ဖြစ်သလို နေနေကြရတယ်။ ရွာသားတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး မီးဝင်ငြှိမ်းပေးတာတွေ၊ မီးလောင်တဲ့ နေအိမ်တွေကို ရှင်းလင်းပေးတာတွေ ပြုလုပ်ပေးခဲ့ကြပြီး ရွာထဲမှာတော့ ပြန်မနေရဲသေးဘူး” လို့ ရှာစေးချက်ရွာခံက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013