Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်သမ္မတ တို့ တွေ့ဆုံ
DVB
·
April 12, 2014

တရုတ်နိုင်ငံ၊ ပေကျင်း ကို ရောက်ရှိနေတဲ့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင်းပင်းတို့ ဧပြီလ ၁၁ ရက် ဧပြီလ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_54843" align="alignright" width="300"]ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာစဉ်[/caption]

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအဖြစ် ဒေသတွင်းမှာရော၊ ကမ္ဘာမှာပါ ပိုမိုကြီးမားတဲ့ ကဏ္ဍမှာ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံကို တရုတ်က အားပေးထောက်ခံပါကြောင်းနဲ့ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ထပ်ပြီးခိုင်မာစေရေးအတွက် မြန်မာနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ တရုတ်သမ္မတ ရှီက ပြောဆိုပါတယ်။

၂ နိုင်ငံစလုံးက ကျယ်ပြန်တဲ့ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရေးကို တက်လှမ်းနိုင်ဖို့၊ နိုင်ငံရေးအရ ယုံကြည်မှု တိုးလာစေဖို့နဲ့ ကဏ္ဍအားလုံးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ စိတ်ဓာတ်ကြံခိုင်မှု ရှိဖို့ တရုတ်သမ္မတ က တိုက်တွန်းလိုက်ပါတယ်။

ပါတီအချင်းချင်း ဆက်ဆံရေးအကြောင်း ပြောကြရာမှာတော့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့အတူ အဆက်အသွယ်တွေ တိုးလာဖို့ ဆန္ဒရှိကြောင်းနဲ့ နောက်ထပ် အစိုးရ စီမံခန့်ခွဲမှုတွေ ဖလှယ်ကြဖို့နဲ့ ၂ ဖက် ပါတီတွေရဲ့ အစိုးရစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာဖို့ ကေဒါရဲဘော် လေ့ကျင့်သင်တန်းပေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြမယ့် ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ရှင်းဟွာသတင်းမှာ ဖော်ပြပါတယ်။

သူရဦးရွှေမန်းကတော့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် အောက်မှာ တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဆက်ဆံရေးကို အထူးအလေးထားပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုအတွက် အကူအညီတွေ အပြင် နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ပါကြောင်း ပြောကြားသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024