Home
သတင်းဓာတ်ပုံ
တိုကျိုမြို့တွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချဆန္ဒပြ
ဇော်ဇော်လှိုင်
·
August 11, 2022

၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ရှုတ်ချကန့်ကွက်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ အဆောက်အဦရှေ့မှာ  ဩဂုတ် ၁၁ ရက် ညနေပိုင်းက ကျင်းပပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် ကရင်အမျိုးသားများ (OKO) ဂျပန်အဖွဲ့က  ဦးဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးကူညီနေတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း ၁၅၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားအသီးသီးရဲ့ သမိုင်းတွေ ရှိကြတာမို့ တိုင်းရင်းသားအချင်းချင်း သမိုင်းတွေသိရအောင်နဲ့ ကရင်တမျိုးသားလုံးအတွက် အသက်ပေး ကြိုးစားခဲ့တဲ့ ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရင်း တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို ဦးညွှတ်ဂုဏ်ပြုချင်တာကြောင့် အခုလို ကျင်းပရတာလို့ ဦးဆောင်ကျင်းပရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ စောဖလုံက ပြောပါတယ်။

အခမ်းအနားမှာ အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချ ဆန့်ကျင်ကြောင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ရေးတို့ကို ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ မိခင်အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားအားလုံး ညီညွတ်စွာ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်မှ တနိုင်ငံလုံး အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးရောက်နိုင်မယ်လို့လည်း စောဖလုံက တိုက်တွန်း ပြောပါတယ်။

သတင်း -ဓာတ်ပုံ ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024