DVB Logo
Home
Lead Story
ကချင်ပြည်နယ်တွင် တိုက်ပွဲ ၂ ရက် ဆက်တိုက်ဖြစ်
DVB
·
April 11, 2014
ကချင်ပြည်နယ်တွင် တိုက်ပွဲ ၂ ရက် ဆက်တိုက်ဖြစ်
Donate to DVB

ကချင်ပြည်နယ် မန်စီမြို.နယ် မန့်ဝိန်းကြီးဒေသတ၀ိုက်တွင် ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ဒီနေ့နံနက်ပိုင်းအထိ စစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_54755" align="alignright" width="300"]တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ကချင်ဒုတ္ခသည်များ တရုတ်ဖက်ခြမ်းသို့ ၀င်ရောက်စဉ် တရုတ်စစ်သားများ တားဆီး (ဓာတ်ပုံ - စိုင်းဇင်မင်းအေး) တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ကချင်ဒုတ္ခသည်များ တရုတ်ဖက်ခြမ်းသို့ ၀င်ရောက်စဉ် တရုတ်စစ်သားများ တားဆီး (ဓာတ်ပုံ - စိုင်းဇင်မင်းအေး)[/caption]အစိုးရစစ်တပ်မှ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် သွားရောက်ခြင်း ဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့နဲ့ တွေ့ဆုံရာမှ ဧပြီ ၁၀ ရက်နေ့တွင် လခတ်ရန်နဲ့ နန့်လုံဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒီမနက်ပိုင်းမှာတော့ နောင်းလုံနဲ့ လွယ်ခေါ့ချီ စသည့်ဒေသများတွင် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောဒေသများမှာ တရုတ်မြန်မာနယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းများနဲ့ နီးစပ်နေပြီး စစ်ပွဲကြောင့် ဒုက္ခသည်များ ပြောင်းရွှေ့နေရတယ်လို့ အကူအညီ ပေးသူတွေက ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ၃ ရက်အကြာ ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013