DVB Logo
Home
Lead Story
ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားခွင့် ပြည်နယ်လွှတ်တော် အတည်ပြု
DVB
·
April 11, 2014
ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားခွင့် ပြည်နယ်လွှတ်တော် အတည်ပြု
1 / 2
Donate to DVB

လာမည့် စာသင်နှစ်မှာ ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားခွင့်ကို အခြေခံ မူလတန်း အဆင့်မှာ ခွင့်ပြုမယ်လို့ ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှ အတည်ပြု ခဲ့ကြောင်း ရွှေဟင်္သာသတင်းဌာနရဲ့ ဧပြီ ၁၀ ရက်နေ့သတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_54777" align="alignright" width="230"]ဓာတ်ပုံ - Kayantimes ဓာတ်ပုံ - Kayantimes[/caption]

ကျိုက်မရောမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ နိုင်စံတင်ရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြခဲ့တာ ဖြစ်ပြီး လာမည့် ၂၀၁၄ - ၁၅ ပညာသင်နှစ်ကစပြီး မွန်စာပေကို ဖွံ့ဖြိုးရေးအချိန်မှာ စတင်သင်ကြားမယ်လို့ ပြည်နယ်လွှတ်တော်က ပြဌာန်းပေးလိုက်တာ ဖြစ်ပါသည်။

အခြေခံ မူလတန်းအဆင့် အထူးသဖြင့် သူငယ်တန်းအဆင့်၊ ပထမတန်းအဆင့်နဲ့ ဒုတိယတန်းအဆင့် ၃ဆင့်ကို သင်ကြားနိုင်တဲ့ မွန်စာပေ သင်ရိုးညွှန်းတမ်းကိုလည်း မော်လမြိုင် တက္ကသိုလ်က စာပေပညာရှင်တွေက ရေးဆွဲနေကြတယ်လို့ ဆိုပါတယ်။

မွန်ဘာသာသင် ဆရာနဲ့ ဆရာမတွေကို နိုင်ငံဝန်ထမ်း ဆရာနဲ့ ဆရာမများအတိုင်း လစာတူ သတ်မှတ်မှာ မဟုတ်သေးဘဲ အစိုးရဘက်မှ တတ်နိုင်သမျှသာ ထောက်ပံ့သွားမှာ ဖြစ်တယ်ဟု လွှတ်တော်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။

လစာကို အစိုးဖက်မှ သတ်သတ်မှတ်မှတ် ပြဌာန်းပေးထားခြင်း မရှိသေးသော်လည်း ယခင်နှစ်ပိုင်းတွင် ကျောင်းချိန်ပြင်ပ၌ သင်ကြားပေးခဲ့တဲ့ မွန်ဘာသာ ကျောင်းဆရာနဲ့ ဆရာမတွေကို ၁ ဦးကို ၁ လ ကျပ် ၃ သောင်း ၃ ထောင်ဖြင့် အစိုးရဖက်မှ ထောက်ပံ့ ကူညီ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ ပြည်ထောင်စုလွှတ်တော်က တရားဝင် ပြဌာန်းပေးသော ဥပဒေကို အ ကောင်အထည်ဖော်တာ မဟုတ်ပဲ ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ချက်သာ ဖြစ်သောကြောင့် သုံးစွဲမယ့် ဘတ်ဂျက်ကို ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ထဲမှ ခွဲတမ်း မဟုတ်သဖြင့် လစာနဲ့ ကျောင်းဆရာ အရည်အတွက်များကို တိတိကျကျ မဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013