DVB Logo
Home
မြန်မာသတင်း
ကေအန်ယူထိန်းချုပ်နယ်မြေ၌ ဇူလိုင်လအတွင်း တိုက်ပွဲ ၂၅၉ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၃၈၆ ဦးသေဆုံး
DVB
·
August 8, 2022
ကေအန်ယူထိန်းချုပ်နယ်မြေ၌ ဇူလိုင်လအတွင်း တိုက်ပွဲ ၂၅၉ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၃၈၆ ဦးသေဆုံး
Donate to DVB

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ဇူလိုင် တလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၂၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၈၆ ဦးသေဆုံး၊ ၂၈၀  ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က  ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ (BGF) နယ်ခြားစောင့်တပ်တွေနဲ့ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တို့အကြား နေ့စဉ်လိုလိုဖြစ်ပွား နေတာပါ။ 

စစ်ကောင်စီဘက်က ကေအန်ယူထိန်းချုပ်နယ်မြေတွေအတွင်း စစ်ရေးလှုပ်ရှားတာနဲ့ ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ ထုတ်ပြန်ထားပါတယ်။

ကေအန်ယူတပ်မဟာ (၁) သထုံခရိုင်မှာတော့  ဇူလိုင် ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂၄ ဦးသေဆုံး၊  ၄၅ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ကား ၈ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိကာ တိုက်ပွဲတွေကြောင့် သထုံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ဘားအံမြို့နယ်တွေအတွင်းက ဒေသခံပြည်သူ  ၁ သိန်းနီးပါး အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကေအန်ယူတပ်မဟာ (၂)  တောင်ငူခရိုင်မှာတော့ ဇူလိုင်လအတွင်း တိုက်ပွဲ ၃၃ ကြိမ်ဖြေစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈၇ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီရဲ့ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တောင်ငူခရိုင်မှာတော့ စစ်ကောင်စီတပ် ခမရ ၅၈၁ က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

တပ်မဟာ ၃ ညောင်လေးပင်ခရိုင်မှာ‌တော့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၄ ဦးသေဆုံး၊ ၅၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ 

စစ်ကောင်စီတပ်ကား ၆ စီးကိုလည်း ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်အတွင်း အရပ်သား ၈ ဦးကို ပစ်သတ်ခဲ့သလို ၃၉ ဦးကို ဖမ်းဆီးညှဉ်းဆဲခဲ့ကြောင်း၊ ဒေသခံ ပြည်သူနေအိမ် ၂၂ လုံး မီးရှို့ခဲ့ပြီး ၇ လုံးက ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါအပြင် ဒေသံပြည်သူတွေရဲ့ ဆိုင်ကယ် ၁၃ စီးနဲ့ စက်ဘီး ၁၂ စီးကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး ၁ လအတွင်း တိုက်ပွဲကြောင့် ညောာင်လေးပင်ခရိုင်အတွင်းက ပြည်သူ ၆ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်မှာ‌တော့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၁ ဦး သေဆုံး၊ အယောက် ၄၀ ထိခိုက်ခဲ့ကြောင်း၊ ဒါ့အပြင် စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ၉ ဦးကိုလည်း ဖမ်းဆီးပြီး လမ်းပြအဖြစ် စေခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကေအန်ယူတပ်မဟာ ၅ မူတြော်ခရိုင်မှာတေ့  ဇူလိုင် ၁ လအတွင်း တိုက်ပွဲကြီးငယ်အကြိမ် ၁၁၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၉၅ ဦးသေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ကား ၁ စီးဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်ကြီးကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့သလို ဘုရားကျောင်းနဲ့ လူနေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။

တပ်မဟာ ၆ ဒူပလာယာခရိုင်အတွင်းမှာတော့ တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၅ ဦးသေဆုံး၊ ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့သလို လူနေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်း ကေအန်ယူထိန်းချုပ်နယ်မြေမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကေအန်ယူလက်အောက်က တပ်က တပ်သား ၁၂ ဦးကျဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူတပ်မဟာ အားလုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း ဒေသခံပြည်သူ ၁၉ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013