Home
မြန်မာသတင်း
ပခုက္ကူမြို့နယ် ကန်စောက်ရွာသား ၅ ဦးအား စစ်တပ်က ဖမ်းဆီး၊ ဆားကျင်းရွာကို မီးရှို့
DVB
·
August 8, 2022

မကွေးတိုင်း ပခုက္ကူမြို့နယ်က ကန်ဆောက်ရွာသား ၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဆားကျင်း (ဆကျင်း) ရွာကို သြဂုတ် ၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူးစောထီးတွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အင်အား ၁၀၀ လောက်ဟာ ကျတ်ထိုးရဲစခန်းမှာ သြဂုတ် ၇ ရက်က ညအိပ်စခန်းချပြီး  သြဂုတ် ၈ ရက် မနက် ၈ နာရီလောက် ဆားကျင်းရွာကို ဝင်ရောက် မီးရှို့ခဲကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအပါအဝင် အင်အား ၃၀ လောက်ဟာ ကန်စောက်ရွာက ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရွာထဲကို စစ်ကြောင်းထိုးလာတာလို့ ဆားကျင်းရွာ ဒေသခံတယောက်က ပြောပါတယ်။

“ပထမတကြိမ် မီးရှို့တော့ အိမ် ၃ လုံးလောက်မီးလောင်တယ်။ မိုးရွာလို့ မီးငြိမ်းသွားတယ်။ မနက် ၁၀ နာရီခွဲလောက်မှာ မြစ်ခြေဘက်က ကား ၂ စီးနဲ့ ဆိုင်ကယ် ၁ စီး ထပ်ရောက်လာလို့  အင်အား ၁၀၀ လောက်ဖြစ်သွားပြီး မီးထပ်ရှို့ကြတယ်။ အိမ်ခြေ ၁၈၆ လုံး ရှိတဲ့ထဲက ၄၀ ကျော်လောက်တော့ မီးလောင်တယ်။”

မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024