စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်မှာ ကားနဲ့ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သြဂုတ် ၇ ရက် မနက် တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၇ ဦးသေဆုံးပြီး G3 သေနတ် ၆ လက် သိမ်းဆည်းရမိတယ်လို့ တန်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPC က ထုတ်ပြန်ပါတယ်။
“ရဲပါခင်ဗျ ဒီနေ့မနက် အစောပိုင်း ၅-၆ နာရီခန့်ကပါခင်ဗျ။ ကားနဲ့ ကင်းပတ်ထွက်လာချိန် စောင့်ပြီး တိုက်ခဲ့တာပါခင်ဗျ။ ကင်းပတ်တာ နေ့တိုင်းနီးပါးပါပဲ၊ အင်းအား ၇ ယောက်ပါခင်ဗျ” လို့ TPC သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တန်ဆည်ပြည့်သူ့ရဲဘော်အဖွဲ့(TPC) နဲ့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။