ပရီးမီးယားလိဂ် သမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ် အွန်နရီ ရွေးချယ်ခံရ

ပရိသတ်တွေရဲ့စစ်တမ်းတစ်ခုအရ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရွေးချယ်ခံရပါတယ်။

အွန်နရီဟာ စီရော်နယ်ဒိုနဲ့ အလန်ရှီးယားတို့ကို ကျော်လွန်ပြီး မဲအများဆုံးနဲ့ရွေးချယ်ခံခဲ့ရတာပါ။ အဲဒီသုတေသနစစ်တမ်းကို  Betfair နဲ့  YouGov တို့က ဘောလုံးပရိသတ် ၁၀၀၀ ကျော်ကို ဘယ်သူက အကောင်းဆုံးကစာသမားလဲဆိုတာကို မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာပါ။

စစ်တမ်းအရ အွန်နရီက မဲအားလုံးရဲ့ ၁၅ ရာခိုင်နူန်းရရှိခဲ့ပြီး မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ နယူးကာဆယ်တိုက်စစ်မှူး ဟောင်း အလန်ရှီးယားတို့ကိုကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာပါ။

အွန်နရီဟာ ၂၀၀၃-၂၀၀၄ ရာသီမှာ ရှုံးပွဲမရှိချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂၅၈ ပွဲမှာ ၁၇၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

မဲပေးမှုအရ အဆင့် ၄ နေရာမှာ မန်ယူကစားသမားဟောင်း အဲရစ်ကန်တိုနာနဲ့ အဆင့် ၅  နေရာမှာ လစ်ဗာပူးဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်တို့ ပါဝင်ပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာတော့ လီဗာပူးက ဆာလာ၊ မန်စီးတီးက ဒီဘရိုင်း တို့လည်းပါဝင်ခဲ့ပါတယ်။ 

//
More News
Up