စီရော်နယ်ဒို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ပွဲထွက်ကစားမည်

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသားတွေနဲ့ အတူ လေ့ကျင့်ရေးအတူ ဆင်းနေတာကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားဖို့ရှိနေပါတယ်။

စီရော်နယ်ဒိုဟာ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ လိုက်ပါခြင်းမရှိခဲ့ဘဲ အသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိနေလို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရသူပါ။

မနေ့ကပြုလုပ်ခဲ့တဲ့ မန်ယူအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာတော့ စီရော်နယ်ဒိုကို အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ခန်းဆင်းနေတာကိုမြင်တွေ့ရတာကြောင့် ပွဲထွက်ကစားဖို့ရှိနေတာပါ။

တိုက်စစ်မှူး မာစီယယ်ကတော့ တံကောက်ကြောဒဏ်ရာရနေလို့ ဘရိုက်တန်နဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပြီး စီရော်နယ်ဒိုက ပွဲထွက်လာဖို့ရှိပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ကစားသည်းဖြစ်စေ၊ မကစားသည်ဖြစ်စေ အသင်းကနေထွက်ခွါဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့သိရပါတယ်။ 

//
More News
Up