
အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အီတိုးကို မနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ၉ မိုင်က နေအိမ်တအိမ်မှာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက်တို့နဲ့ အတူ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။
အဆိုတော် အီတိုးဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ပြီး PDF တွေကို ထောက်ပံ့တယ်ဆိုပြီးလည်း စစ်ကောင်စီကစွပ်စွဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ၂၀ ရက်နေ့မှာတော့ နေအိမ်ကနေ ပြန်လည် ဖမ်းဆီးသွားတာပါ။
ပြန်လည်ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီး မနေ့က ထောင်တွင်း တရားရုံး ကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။