အိုက်စ်စလန်တွင် ငလျင်လှုပ်ခတ်ပြီး‌နောက် မီးတောင် ပေါက်ကွဲ

အိုက်စလန်နိုင်ငံမြို့တော် ရေးကာဗစ်ခ်အနီးမှာ ရက်အတန်ကြာ ငလျင်လှုပ်ခတ်ပြီးနောက်မှာ  မီးတောင်တခု ပေါက်ကွဲခဲ့ကြောင်း အိုက်စလန် မိုးလေဝသဌာနက သြဂုတ် ၃ ရက်မှာ  ပြောပါတယ်။

ဝေဟင်မှမြင်ရတဲ့ ဗွီဒီယိုမှာတော့ ဖားဂရာဒါလ်စ်ယာ့ မီးတောင်ရဲ့ ဘေးဘက် အက်ကွဲကြောင်းကနေ ချော်ရည်တွေနဲ့ မီးခိုးတွေထွက်လာတာကို  မြင်တွေ့ရပါတယ်။ အဲ့ဒီမီးတောင်ဟာ မနှစ်က ခြောက်လကြာ ပေါက်ကွဲခဲ့ဖူးပါတယ်။

ခရီးသွားတွေနဲ့ ဒေသခံတွေအနေနဲ့ မီးတောင်ပေါက်ကွဲပြီးနောက် ထွက်လာတဲ့ အဆိပ်ပြင်း ဓာတ်ငွေ့တွေကြောင့် အဲဒီဧရိယာကို ရှောင်ရှားသင့်ပေမဲ့လည်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ချက်ချင်းပျက်စီးနိုင်တဲ့အန္တရာယ် မရှိကြောင်း မြို့ပြကာကွယ်ရေးနဲ့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြေအနေကို စစ်တမ်းကောက်ယူဖို့ ရဟတ်ယာဉ်တွေကို စေလွှတ်ထားပေမဲ့ လေယာဉ်ပျံတွေကို အဲဒီနေရာပေါ်ကနေ  ပျံသန်းခြင်းမပြုဖို့ အမြင့်ဆုံး လုံခြုံရေးသတိပေးချက်ထုတ်ပြန် ကြေညာထားပါတယ်။

တကယ်လို့ အခု မီးတောင်ပေါက်ကွဲမှုဟာ မနှစ်ကတွေ့ခဲ့ရတဲ့ အက်ကွဲကြောင်းတွေနဲ့ ဆင်တူတယ်လို့ အတည်ပြုနိုင်ရင် လေကြောင်းသတိပေးချက်ကို အန္တရာယ်နည်းပါးတဲ့ လိမ္မော်ရောင်အဆင့်ကို လျှော့ချနိုင်ဖွယ်ရှိကြောင်း အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

//
More News
Up