ပြည်တွင်း သတင်းစာများ သတင်းလွတ်လပ်ခွင့်အတွက် မျက်နှာဖုံးတင် တောင်းဆို

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်တွင်း သတင်းစာများက သတင်းလွတ်လပ်ခွင့်အတွက် မျက်နှာဖုံးတင် တောင်းဆို လိုက်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဧပြီလ ၉ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်နဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်တို့က သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆို လိုက်တာပါ။

အစိုးရဌာန တခုမှာ သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ပိုင်နက် ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ တရားစွဲဆိုပြီး ဧပြီလ ၇ ရက်နေ့မှာ မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

[gallery ids="54681,54682,54701"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up