နိုင်ငံခြားဘဏ်ခွဲ ဖွင့်ခွင့်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားတဲ့ နိုင်ငံခြားဘဏ်တွေထဲက သင့်တော်တဲ့ ဘဏ်တွေကို သိပ်မကြာခင် ဘဏ်ခွဲ ဖွင့်ခွင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။ Bank-Of-India_0ဧပြီ ၆ ရက် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာမှာ လုပ်တဲ့ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ လွှတ်တော် အစည်းအဝေးကာလအတွင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက နိုင်ငံခြားဘဏ်တွေကို ဘဏ်ခွဲ ဖွင့်ခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး နဂိုက အဆင့် ၄ ဆင့်နဲ့ ဖြည်းဖြည်း အကောင်အထည် ဖော်သွားဖို့ အစီအစဉ် ရေးဆွဲထားပေမယ့် နောက်ပိုင်း မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေရဲ့ လိုအပ်ချက်အရ နိုင်ငံခြားဘဏ်ခွဲတွေ မြန်မြန်ဆန်ဆန် ခွင့်ပြုပေးဖို့ စီစဉ်နေတဲ့အကြောင်း၊ လက်ရှိ ကိုယ်စားလှယ်ရုံး ဖွင့်ထားတဲ့ ဘဏ် ၄၅ ခုထဲက သင့်တော်တဲ့ ဘဏ်တချို့ကို ရွေးချယ်ပြီး ဘဏ်ခွဲ ဖွင့်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

//
More News
Up