DVB Logo
Home
မြန်မာသတင်း
လက်ပန်ကျင်းရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၊ ဆရာ ဆရာမနှင့်ကလေးများ ဖမ်းဆီးခံရ
DVB
·
August 2, 2022
လက်ပန်ကျင်းရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၊ ဆရာ ဆရာမနှင့်ကလေးများ ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာကို ဩဂုတ် ၁ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ ရဟတ်ယာဉ် ၄ စီးနဲ့ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ အပါအဝင် ကလေးငယ်တွေကိုပါ ဖမ်းဆီးထား‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ ပစ်ခတ်စဉ် ကျေးရွာအတွင်းက ကိုယ်ထူကိုယ်ထ ပညာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ‌ကလေးငယ်တွေ တိမ်းရှောင်ချိန်မရဘဲ ပိတ်မိနေပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ရဟတ်ယာဉ်နဲ့ ပတ်ပြီးပစ်တာ။ အဲ့ဒီတော့ ထွက်ပြေးဖို့ အချိန်မရတဲ့ ကျေးရွာဒေသခံတွေရော ကိုယ်ထူကိုယ်ထ စေတနာနဲ့ ပညာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေပါ ကျောင်းမှာပိတ်မိပြီး ဖမ်းဆီးခံရတာ။ ဖမ်းဆီးခံရတဲ့ အရေအတွက် ၁၀၀ ဝန်းကျင်‌ရှိမယ်ထင်တယ်။ ဘေးနားကရွာတွေလည်း အကုန်ပြေးနေရတယ်။ ရွာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လူချသွားပြီး တပ်စွဲထားတာ” လို့ ပြောပါတယ်။

ဖြစ်ပွားတဲ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ဘက်တိုက်ခိုက်ရေးရဟက်ယာဥ် Mi 35 နှစ်စီးနဲ့ ရွာဘက်ကို အချိန်အတန်ကြာ ပစ်ခတ်ခဲ့ပြီး ကျန် ပို့ဆောင်ရေးရဟတ်ယာဉ် နှစ်စီးနဲ့ တပ်ဖွဲ့ဝင်တွေ ချပေးသွားတယ်လို့ ဆိုပါတယ်။

အခုလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်စီးနင်းဝင်ရောက်မှုကြောင့် လက်ပန်ကျင်းကျေးရွာ အပါအဝင် အနီးဝန်းကျင်က သူဌေးကုန်းကျေးရွာ ဒေသခံတွေပါ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းအရ ည ၇ နာရီ‌လောက်မှာ စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်ပန်ကျင်းကျေးရွာကို မီးရှို့နေပြီး ဆုံးရှုံးမှုအခြေနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013