DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကျော် ဂူအောင်းတရားအားထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော်ကို ရဟန်းရှင်လူပြည်သူ သောင်းချီ ကြိုဆို
DVB
·
August 1, 2022
၃ နှစ်ကျော် ဂူအောင်းတရားအားထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော်ကို ရဟန်းရှင်လူပြည်သူ သောင်းချီ ကြိုဆို
1 / 4
Donate to DVB

မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု မိုင်းကျက်ဂူထဲမှာ အချိန်  ၃ နှစ် ၃ လ ၃ ရက်တာ တရားအား ထုတ်နေခဲ့ရာမှာ အဓိဋ္ဌာန်အောင်မြင်ပြီဖြစ်လို့ ဩဂုတ် ၁ ရက် ဒီကနေ့မနက် မနက် ၇ နာရီမှာ ဂူထဲကနေ ထွက်ခဲ့ရာမှာ ရဟန်းရှင်လူပြည်သူသောင်းချီ ကြိုဆိုခဲ့ကြပါတယ်။ 

ဆရာတော်ဟာ ဒီမနက် ၇ နာရီမှာ ဂူထွက်ပြီး နမ့်ဟူးရေထွက်မှာ ဆံချကြောင်း၊ အဲဒီနောက် အသင့်စီမံထားတဲ့ စံကျောင်းဆောင်မှာ ဆွမ်းဘုဉ်းပေးကာ မိုင်းကျက်အောက်ဂူ ဘုံ ၇ ဆင့်ဘေးက ကျောင်းဆောင်မှာ အပူဇော်ခံတရားဟောမယ်လို့ မိုင်းကျက်သာသနာ့နယ်မြေ သန့်ရှင်းရေးကုသိုလ်ပြုအဖွဲ့မှ စိုင်းလွိုင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဆရာတော်ဘုရားက အထက်မိုင်းကျက်ဂူမှာ တရားထိုင်တာပါ။ အဓိဋ္ဌာန်အောင်မြင်ပြီး ကနေ့မနက် ၇ နာရီတိတိမှာ ဂူထွက်ပါတယ်။ အထက်ဂူနဲ့အောက်ဂူက တော်တော်အလှမ်း ဝေးတယ်၊ တောင်ပေါ်ကနေ ၁ နာရီကျော် ခြေလျင်လျှောက်လှမ်းလာပြီးမှ တောင်အောက် ရောက်တယ်၊ တောင်အောက်မှာ သံဃာတော်နဲ့ ဒကာတွေက အသင့်ပြင်ထားတဲ့ ဝေါနဲ့ပင့် ဆောင်ပါတယ်၊ နမ့်ဟူးရေထွက်မှာဆံချပါတယ်၊ ပြီးတော့ စံကျောင်းတော်မှာ ဆွမ်းဘုဉ်းပေးတယ်၊ မွန်းလွဲပိုင်းမှာ မိုင်းကျက်ကိုရောက်တယ်လို့ ခန့်မှန်းပါတယ်ခင်ဗျ။ အဲဒီမှာ ဖုန်းလိုင်းမမိဘူး၊ ကျနော်က အခုမိုင်းဆတ်မှာပစ္စည်းလာဝယ်နေလို့ အဆက်အသွယ်ရတာ။”  

ဆရာတော်ဟာ အောက်မိုင်းကျတ်ဂူ ဘုံ ၇ နှစ်ဆင့်ဘေးက ကျောင်းဆောင်မှာ ၅ ရက်တာ  အပူဇော်ခံမှဖြစ်ကြောင်း၊ ဒီနေ့ ညနေ ၅ နာရီမှာတော့ အသင့်စောင့်ကြိုနေတဲ့ မြန်မာပြည် အနယ်နယ် အရပ်ရပ်ကနေ လာရောက်စောင့်ကြိုနေကြတဲ့  ရဟန်းရှင်လူပြည်သူတွေကို တရားဟောပေးမယ်လို့ ဆိုပါတယ်။ 

ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေမှာ ကားအစီးရေ ၁၀၀၀၀ ကျော်လောက်ရှိလို့ လူပေါင်း ၁ သိန်းကျော်မယ်လို့ ခန့်မှန်းပါတယ်။ 

ဧည့်သည်တွေ သောင်းနဲ့ချီရှိပေမယ့် မိုင်းကျက်ဧရိယာကျယ်ဝန်းတာကြောင့် ကားပါကင်နေရာလုံလောက်ကြောင်း၊ ချိုးရေမှာလည်း ရှည်လျားတဲ့ နမ့်ကတ်ချောင်းရေကို အသုံးပြုပြီး ရေအိမ်တွေလည်း အဆင်ပြေအောင်စီစဉ်ထားကြောင်း၊  စားရေးသောက်ရေးမှာလည်း အလှူရှင်တွေ နေ့စဉ်မပြတ် နိဗ္ဗာန်ဈေးခင်းနေလို့ မပူပင်ရဘဲ အိပ်စရာသာ အခက်အခဲရှိလိမ့်မယ်လို့ စိုင်းလွိုင်ခမ်းက ပြောသွားပါတယ်။ 

ဆရာတော်ဟာ မိုင်းကျက်ဂူမှာ ၅ ရက်နေပြီး မိုင်းဆတ်ကနေတဆင့် တာချီလိတ် မိုင်းဖုန်းကျောင်းတိုက်ကို ပြန်ကြွမှာဖြစ်ရာ မိုင်းဖုန်းမှာ တပည့်သံဃာဒကာဒကာမတွေကလည်း ကြိုဆိုဖို့ အသင့်ပြင်ထားကြပါတယ်။ 

မြန်မာနိုင်ငံတင်မက အိမ်နီးချင်းထိုင်း၊ လာအို၊ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ကြည်ညို ကိုးကွယ်တဲ့ ဆရာတော်ကို ဂူရှေ့အထိ သွားရောက်မဖူးမြော်နိုင်သူတွေအနေနဲ့ ဆရာတော်ကိုကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့  ရှမ်းပြည်နေရာအသီးသီးမှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013