ဗင်နီဇွဲလားအစိုးရနဲ့ ဆွေးနွေးဖို့ အတိုက်အခံတွေ သဘောတူ

သမ္မတ နီကိုလတ်မာဒူရို
ဗင်နီဇွဲလားအတိုက်အခံတွေက သမ္မတ နီကိုလတ်မာဒူရို အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလလယ်က စခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း အဆိုးဆုံး နိုင်ငံရေး မငြိမ်သက်မှု တွေကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ [caption id="attachment_54628" align="alignright" width="300"]သမ္မတ နီကိုလတ်မာဒူရို သမ္မတ နီကိုလတ်မာဒူရို [/caption]အစိုးရ လုံခြုံရေးတပ်တွေအပါအ၀င် အစိုးရ ထောက်ခံသူတွေက တဖက်နဲ့ အတိုက်အခံတွေက တဖက် လမ်းပေါ် ထိပ်တိုက်တွေ့မှုတွေအတွင်း အခုအထိ အယောက် ၄၀ နီးပါး သေဆုံးသွားခဲ့ပြီးလို့ အစိုးရက ဆိုပါတယ်။ ကွယ်လွန်သူ လက်ဝဲ၀ါဒီ ဆိုရှယ်လစ်ခေါင်းဆောင် သမ္မတ ဟူဂိုချာဗက်ကို ဆက်ခံတဲ့ သမ္မတ မာဒူရို ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ဟာ ဧပြီ ၈ ရက်နေ့မှာ ပထမဆုံးအနေနဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ အမ်ယူဒီနဲ့ ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ သက်သေအဖြစ် တက်ရောက်ပေးဖို့ ရိုမန်ကတ်သလစ်ကျောင်းတော် ရုံးစိုက်ရာ ဗာတီကန်နန်းတော်က ကိုယ်စားလှယ်နဲ့ တောင်အမေရိကဒေသနိုင်ငံများအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ် ထားပါတယ်။ ကိုလံဘီယာ၊ အီကွေဒေါနဲ့ ဘရာဇီးနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗာတီကန် နန်းတော်က ကိုယ်စားလှယ်တယောက် တက်ရောက်ဖို့ ရှိတယ်လို့ ဒုတိယသမ္မတ ဂျော့ အာရီဇာက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြို့တော် ကာရာကက်စ်ကို ရောက်နေပြီး အစိုးရနဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးပွဲဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ပေးနေကြပါတယ်။ ဒီလို ညှိနှိုင်းပေးမှုတွေကို အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အတိုက်အခံ ညွန့်ပေါင်း အမ်ယူဒီရဲ့ ခေါင်းဆောင် ရာမွန် ဂေလာမို အာဗီလီဒိုက ဆွေးနွေးပွဲမှာ ဆန္ဒပြပွဲကို ဦးဆောင်နေတဲ့ ကျောင်းသားတွေကို မေ့ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစိုးရ နုတ်ထွက်ပေးရေးအထိ တောင်းဆိုတဲ့ ကျောင်းသားတွေထဲက ဒါဇင်နဲ့ချီပြီး အဖမ်းခံထားရ၊ တချို့တွေ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တာကို အကြောင်းပြုလို့ ပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်အစိုးရရဲ့ နောက်ကွယ်ကနေ သွေးထိုးမှု ဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရက စွပ်စွဲထားပါတယ်။ ဧပြီ ၈ ရက်နေ့ တရားဝင်ဆွေးနွေးပွဲမှာ တိုင်းပြည်တွင်း ရာဇ၀တ်မှုတွေ ထူပြောတာနဲ့ စီးပွားရေးပြသနာတွေကို ထိပ်ဆုံးက ပါဝင်ဖွယ်ရှိပြီး သမ္မတကိုယ်တိုင် တက်ရောက်ဖွယ် ရှိတယ်လို့ ဗင်နီဇွဲလား သတင်းတွေက အစီရင်ခံပါတယ်။

//
More News
Up