Home
မြန်မာသတင်း
ကံပေါက်မှ ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
DVB
·
August 1, 2022
296135686_5102736386519529_2437054961385493483_n

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ PTTEP ကုမ္ပဏီရဲ့ ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညက တကြိမ်၊ ဒီနေ့မနက် ၃ နာရီလောက်ကတကြိမ် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖွားရှင်မ(သီလရှင်)တောင်နဲ့ နတ်အိမ်တောင် အဲဒီနှစ်နေရာ ဖြစ်နိုင်တယ်လို့ ကြားတယ်။ အတည်ပြုလို့တော့ မရသေးဘူးပေါ့။” 

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကို စစ်ကောင်စီတပ်သားတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ သွားရောက် စစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဇူလိုင် ၂၂ ရက်ကလည်း PTTEP ရန်ကုန်ရုံးခွဲ ပထမထပ် ကားပါကင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024