ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ကရင်ရိုးရာ လက်ချည်ပွဲပြုလုပ် (ဓာတ်ပုံ)

ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာပွဲကို ဇူလိုင် ၃၁ ရက်က ဘန်ကောက်မြို့ (တလထိုင်းအနီး) မှာ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမား ကရင်လူငယ်တွေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

ကရင်ခြည်ဖြူရိုးရာ မပပျောက်ရေးနဲ့ မကောင်းတဲ့ ဝိညည်ထွက်သွားပြီး ကောင်းတဲ့ လိပ်ပြာခိုလှုံ ပြန်ရောက်ရှိဖို့ မိသားစု စုံညီ တွေ့ဆုံခြင်းဖြစ်တယ်။ 

ဒါကြောင့် တိုင်းတပါးရောက်ရှိနေပြီး နေရပ်မပြန်နိုင်တဲ့အတွက် ရောက်ရာဒေသမှာ အသိမိတ်ဆွေ သူငယ်ချင်းတွေ တွေ့ဆုံမိတ်ဖွဲ့ပြီး ခြည်ဖြူနဲ့ ချည်နှောင်ကြတာလို့ ဘန်ကောက်ရောက် ကရင်လူငယ်တဦးက ပြောပါတယ်။

လိပ်ပြာခေါ်တဲ့အခါ ဆန်ကောဝိုင်းထဲမှာ ကောက်ညှင်းထုပ်၊ ကြံပိုင်း၊ ထမင်းဆုပ်၊ အုန်းသီး၊ နတ်ပန်းညို၊ ရေ၊  ခြည်ဖြူ ပစ္စည်း ၇ မျိုးနဲ့ ကရင်လိပ်ပြာခေါ်ရိုးရာပြုလုပ်ကြတာဖြစ်တယ်။

ကရင်ခြည်ဖြူပွဲကို ထိုင်းရောက် ကရင်လူငယ်တွေ ၆၀၀ လောက်နဲ့ ထိုင်းနိုင်ငံ CBO အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ကရင်ဒုံးယိမ်း ရိုးရာအကနဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသား အများစုဟာ ဝါခေါင် တလလုံး ခြည်ဖြူပွဲ ပြုလုပ်ကြပါတယ်။ မိသားစု စုပေါင်းပြီး ပြုလုပ်တာ၊ ပွဲအနေနဲ့ ပြုလုပ်ကြတာလည်း ရှိပါတယ်။

//
More News
Up