Home
သတင်းဓာတ်ပုံ
ပြင်ဦးလွင်နှင့်ပုသိမ်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ (ဓာတ်ပုံ)
DVB
·
July 31, 2022
296928280_1254712405264613_3664137204216985301_n
296448576_1254712318597955_6881003576345145042_n
296374378_1254712551931265_8414001851888068292_n
296283339_1254712465264607_1098975498907485920_n
295874802_1254712371931283_3595405754799147557_n
294891646_1254712518597935_2663456174334394016_n

မန္တလေးတိုင်းအတွင်း ဇူလိုင် ၃၁ ရက်နေ့ မနက် ၁ နာရီလောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်ဦးလွင်နဲ့ပုသိမ်ကြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံဖြစ်နေပါတယ်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ မှ ကိုဘုန်းထက်အောင်က ​”ကျနော့်အသက် ၂၅ နှစ်အတွင်းတော့ ဒါပထမဦးဆုံးပါပဲ။ မိုးကတော့ မနက် ၁ နာရီကတည်းက အဆက်မပြတ်ရွာတာပါ။ ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၇ အနီး စခန်းဘူတာ နဲ့ ဂဲလောင်းချောင်းတဝိုက်က နေရာတွေမှာ ရေကြီးပါတယ်။ ပြည်တော်သာရပ်ကွက်နဲ့ မြို့တွင်းရပ်ကွက်တွေအထဲထိ ရေကကြီးပါတယ်” လို့ ပြောပါတယ်။ 

ရေဘေးကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာ အခုလက်ရှိ စားသောက်ရေး အခက်အခဲဖြစ်နေပြီး ပြင်ဦးလွင်နာရေးကူညီမှုအပြင် တခြားအလှူရှင်တွေကပါ ထမင်းထုပ်တွေ လှူပေးနေကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024