ပြည်သူ့ မေတ္တာ

"ငါတော့ အခုထိ မယုံဘူး ရစ်ချတ်ရာ "  အဘစောမူးသာက ကိုဂျင်မီတို့ ကိုဇေယျာသော်တို့ကို မအလ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ' ကြိုးပေးပြီးပြီ ' ဆိုတာကို အခုအချိန်အထိ ဘယ်လိုမှ မယုံကြည်ပါဘူးလို့ တတွတ်တွတ်ပြောနေဆဲပါ ခင်ဗျ။

ကြင်စိုး သာ၀ မအလ အကြမ်းဖက်တပ်ဖွဲ့ဟာ အခုလိုအချိန်မျိုး တစ်ကမ္ဘာလုံးက အပြင်းအထန် ကန့်ကွက်နေကြချိန်၊ သူတို့ ပထွေး ပေါက်ဖော်ကြီးက ရှောင်ဖယ်ရှောင် ဖယ်လုပ်လာချိန်၊ သူတို့ရဲ့နောက်ထပ်ပထွေး ရုရှားက သိသိသာသာ လျစ်လျူ ရှုလာချိန်၊ အာဆီယံဥက္ကဋ္ဌ ဟွန်ဆန်ကပါ ' ပြောဖော် ' ရလာချိန်မျိုးမှာ ဒီလို မတရားသဖြင့် ဥပဒေမဲ့ လူသတ်မှုဖြစ်တဲ့ " ကြိုးပေးစီရင် " တယ်ဆိုတာကို သူ့စိတ်ထဲမှာ ဘယ်လိုမှ လက်ခံယုံကြည်လို့  မရပါဘူးတဲ့။

"သူတို့ စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာမှာတောင် မထည့်စဖူး ထည့်ထားခဲ့တာပဲကိုကွာ"

" အေး . . . စကားလုံး သုံးနှုန်းပုံနဲ့ ဝါကျရေး သားထားပုံက ' ဟိုလိုလို ဒီလိုလို အချိုးကွ "

" ဘာပဲဖြစ်ဖြစ် ငါတော့ မယုံသေးဘူးကွာ "

" ငါတို့တွေအားလုံးလည်း မင်းလိုပဲ မယုံချင်ပါဘူး မူးသာရာ . . . . . . "

စကားဝိုင်းမှာ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ကြေကွဲခြင်း၊ နှမျောခြင်း၊ မျှော်လင့်နေသေးခြင်း အရိပ်အငွေ့တို့နဲ့ တကွ မအလ အကြမ်းဖက် လူယုတ်မာတွေအဖွဲ့လိုက် အုံလိုက်ကျင်းလိုက် အမြန်ဆုံးကျဆုံးပါစေကြောင်း မေတ္တာပို့ဆုတောင်းသံတွေ လွှမ်းခြုံ နေပါလေ၏ ခင်ဗျာ။

" မြန်မာ့သမိုင်းမှာ ' သေဒဏ် ' ကျနိုင်ငံရေးအကျဉ်းသားတွေကို အခုလိုမျိုး တကယ် ကြိုးပေးစီရင် ' တယ်ဆိုတာ မရှိတော့ဘူးကွ " " အေး . . . လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ကြိုး ပေးစီရင်ခဲ့တာ နောက်ဆုံးပဲ။ "

'သေဒဏ်' သမားတွေကို ' တစ်သက်တစ်ကျွန်း' ပြစ်ဒဏ်ဖြင့် အစားထိုးပေးခဲ့သည်မှာ ဆယ်စုနှစ် သုံးခုတောင်မှ ကျော်ခဲ့ပြီဖြစ်ပါသည်တဲ့။ အခုတော့ မတရားအာဏာသိမ်း မအလလက်ထက်မှာ ' တကယ် ' ပြန်ပေးပြီ ' သတ်ပြီ ' ဆိုတော့ကာ မြန်မာနိုင်ငံသား နင်းပြား ပြည်သူလူထု၏ အခြေအနေမှာ သည့်ထက်ဆိုးဖို့သာရှိပါတော့ သတဲ့ ခင်ဗျာ။

" ဒါဟာ ငါတို့လို နိုင်ငံအတွင်းက အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးကို ' သေဖို့သာပြင်ကြ ' လို့ ခြိမ်းခြောက်လိုက်တာဖြစ်သလို တစ်ကမ္ဘာလုံးကိုလည်း ' ဒါပဲထင်တယ်ဟ ' လို့ ' ကော့ပြ ' လိုက် တာပဲ မူးသာရ။"

" အင်း . . . . . . . . . "

ရေနွေးကြမ်းဝိုင်းမှာ အရင်လို ' အရွှင် ' မပါ။ အားလုံးရဲ့စိတ်တွေထဲမှာ မှုန်ကာမှိုင်းလို့ ဝေသီနေကြပါလေ၏။  အဘစောမူးသာကော အဘရစ်ချတ်ပါ အတန်ကြာတိတ်ဆိတ်နေကြပြီး အိမ်ပြတင်းမှနေ၍ အပြင်သို့ အတွေးကိုယ်စီဖြင့် ငေးနေကြပါလေ၏။

" ဖေကြီးစိတ်ထဲမှာကော ဘယ်လိုခံစားရလဲ "

" ကျနော်လည်း အဘစောမူးသာလို ထပ်တူပဲ၊ နိုင်ငံတော်သစ်အတွက် အလွန်အားထားရတဲ့ အဲသည် နိုင်ငံ့သားကောင်းတွေ ' ရှင်' နေတုန်းပဲ ' ရှိ ' နေတုန်းပဲလို့ ယူဆပါတယ် ခင်ဗျ "

" အင်း . . . . . . "

စကားဝိုင်းကား တိတ်ဆိတ်သွားပြန်ပါလေ၏။ အဘရစ်ချတ်တို့ အဘစောမူးသာတို့မှာ တစ်စုံ တစ်ရာကို လေးလေးနက်နက်တွေးနေကြသလိုပါပေ။ ခဏအကြာမှာ စကားပြန်စကြပါ၏။

" တကယ် ကြိုးပေးစီရင်လိုက်ပြီဆိုရင်တော့ မြန်မာပြည်မှာ ' တကယ့်သေဒဏ် ' ပြန်ရှိပြီလို့ဆိုရမှာပေါ့ မူးသာရာ "

" မင်းက ဘာပြောချင်တာလဲ ရစ်ချတ် . . . "

" အဲသလို ' တကယ့်သေဒဏ် ' ပြန်စလို့ ရပြီဆိုရင် အဲသည် မအလနဲ့အပေါင်းပါ 'ခွေးသူတောင်း စားဂိုဏ်း ' ဝင်တွေကိုလည်း နောင်တစ်ချိန်မှာ ' သေဒဏ် ' ပေးပြီး အဆုံးစီရင်လို့ ရပြီပေါ့ကွ "

အဘရစ်ချတ်၏ အားတက်သရောပြောသံကို နားဆင်ပြီးတဲ့အခါ အဘစောမူးသာက ခေါင်း တညိတ်ညိတ်ဖြင့် တွေးတောနေပါလေ၏ ခင်ဗျာ။ ပြီးနောက် ဆေးပေါ့လိပ်ကို ခပ်မျှဉ်းမျှဉ်းဖွာ ကာ ခပ်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် သူ့အတွေးကို ချ ပြလာပါ၏။

" သိပ်မကြာတော့မယ့် နွေဦးအောင်ပွဲနေ့သစ်တစ်ခုမှာ အဲသည် ကြောင်ချီး   သာ၀ ကြင်စိုး  မအလနဲ့ သူ့ရဲ့' အာဏာသိမ်းဖော် တူပျော်ပျော်' အဖွဲ့သားတွေအားလုံးကို ' ပြည်သူ့အစိုးရ ' က  တရားစီရင်ခွင့်ရတဲ့အခါ ငါ့သဘောကတော့  ' တကယ့်သေဒဏ် ' ကို မသုံးစေချင်ဘူးကွာ "

" အဲ . . . တစ်ခါထဲ သတ်မပစ်ဘဲ မင်းက ဘာ လုပ်မှာလဲ . . . ' တစ်သက်တစ်ကျွန်း ' ပြစ်ဒဏ်

ပေးပြီး ထောင်ထဲမှာပဲ တစ်သက်လုံး အရိုးထုတ် ခိုင်းထားမှာလား မူးသာရ "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

အဘစောမူးသာ၏ ' တဟားဟား ' အသံကို ပြန်ကြားလာရပါ၏။ အရင်နေ့တွေလို ခံစား မှုနှင့် အသံတော့ မဟုတ်။ သူ၏ ယနေ့ ' တဟားဟား ' မှာ နှမျောတသကြေကွဲခြင်းနှင့်အတူ အာဏားရူးအဖွဲ့သားများကို အစိမ်းလိုက် ဝါးစားချင်သံများပင် ပါဝင်နေသည် ထင်ပါ၏။

" ပလ္လင်ရူး မအလနဲ့ ကျွန်ရူးတစ်သိုက်လုံးကို ' တစ်သက် တစ်ကျွန်း ' ချရမယ်၊ ဒါပေမဲ့ ထောင်တွေထဲမှာတော့ တိုက်ပိတ်မထားဘူးကွ . . . ဟ ဟ ဟ "

" နင်က ဘယ်လိုလုပ်မှာတုန်းဟ မူးသာရ " " ဟားဟား ဟားဟား ဟားဟား . . . . . . "

ဒုတိယအကြိမ် အားရပါးရရယ်ချလိုက်ပြီး တော့မှာ သူ့စိတ်ကူးကို ဖွင့်ဟပါလေ၏။

" မအလကြီးကို ' သံလှောင်အိမ် ' ကြီးနဲ့ထည့် ကားပေါ်တင်ပြီး တစ်နိုင်ငံလုံးလှည့် ပြမယ်။ တစ်နေ့တစ်မြို့ပေါ့။ ရှိရှိသမျှ မြို့ရွာ အနှံ့က လှည်းနေလှေအောင်း မြင်းဇောင်း မကျန်ကလူတွေ ကြည့်ချင်တဲ့သူ လာကြည့်"

" အေး . . . လာကြည့်တဲ့သူတွေထဲက တုတ်၊ ဓား လက်နက်တွေ ဝှက်ယူလာပြီး တစ်ခါတည်း ' ကိစ္စတုံး ' ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ မူးသာရဲ့"

" အင်း . . . ကြည့်ချင်တဲ့သူတွေကိုတန်းစီခိုင်းပြီး ' လက်နက် ' ဘာညာ ပါမပါ သေသေ ချာ ချာကို စိစစ် စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမှာပေါ့ကွ "

" တန်းစီပြီး ကြည့် . . . ကြည့်ပြီးတော့ ပြန်ထွက်ကြပေါ့ . . . ဟုတ်လား "

" ဟားဟား ဟားဟား ဟားဟား . . . အဲသလို တော့ဘယ်ဟုတ်မလဲဟကောင်ရ . . . 'မအလတွေရဲ့ မျက်ခွက်တွေကို ' တံတွေး ' နဲ့ ထွေးချင် သူများသာ လာရောက်ကြည့်ရှုကြပါရန် ' လို့  TV ကနေ ကြိုတင်ပြီး ကြေညာထားမှာကွ "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

အဘစောမူးသာ့စိတ်ကူးကို အဘရစ်ချတ်က ' တဟားဟား ' ထောက်ခံသံဖြင့် နှစ်ထောင်း

အားရ သဘောကျသွားပါလေတော့၏။

" အဲသလို နေ့စဉ် နေ့တိုင်း တစ်နေ့ တစ်မြို့၊ တစ်နေ့ တစ်မြို့၊ တစ်နေ့ တစ်မြို့ . . . သူတို့ တွေကံမကုန်သရွေ့ အသက်ရှင်နေသရွေ့ဆို ဘယ်လိုလဲ . . . ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ "

" အေး . . . ဘုရင်ရူးထိပ်ခေါင် မအလမောင်မောင်နဲ့တကွ သားရေကြိုးကိုးကွင်း၊ ဇော်မဲလုံး တို့ကအစ သွက်သွက်ခါတို့၊ ခင်ကြောင်ဆွေတို့၊ မန်းဘရိမ်းမောင်တို့၊ မောင်ဘရိမ်းညွန့်တို့အ လယ်၊ မအလထံပါး ဘောမစားနေတဲ့ မိုးဟောင် (တမလနေဝင်း) တို့အဆုံး အယုတ်တမာ အာဏာ သိမ်းအကြမ်းဖက်အဖွဲ့ဝင်တွေ တစ်ယောက်မကျန်ကို ' တစ်သက်တံတွေး ' ပြစ်ဒဏ်ပေးဖို့ စိတ်ကူးအ

ဆိုကို အပြည့်အ၀ ထောက်ခံကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား . . . . . . "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

ဖေကြီး (လေရှီး)

//
More News
Up