DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာသား ၈ ဦး ဖမ်းဆီးခံရ
DVB
·
July 30, 2022
လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာသား  ၈ ဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဇူလိုင် ၂၉ ရက် တရက်တည်းမှာ ဒေသခံ  အရပ်သား ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

၏စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ လောက်ဟာ စက်သေနတ်တပ်ဆင်ထားတဲ့ ကားတစီးအပါအဝင် ကားငယ် ၃ စီးနဲ့ ရွာထဲကို မနက် ၇ ခွဲလောက်မှာရောက်ရှိလာခဲ့ပြီး မောင်းမကန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေမှာ ဦးအောင်ကျော်လွင်၊ ဦးစိုးသိန်း၊ ကိုညီညီအောင်၊ ကိုအောင်ဇော်၊ မလွင်၊ ဒေါ်စန်းမြင့်၊ ဒေါ်တရုတ်မနဲ့ အသက် ၁၆ နှစ်အရွယ် မစုပြည့်အောင်တို့ဖြစ်ကြပြီး လက်ရှိမှာတော့ မောင်းမကန်နယ်မြေရဲစခန်းမှာပဲ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

အခုလိုဖမ်းဆီးတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က စစ်ကောင်စီ သတင်းပေး အမျိုးသား တစ်ယောက်ပစ်သတ်ခံရကြောင့် ဖြစ်နိုင်ပြီး PDF ထောက်ပံ့လို့ဆိုကာ စွပ်စွဲဖမ်းဆီးတာလည်းဖြစ်နိုင်တယ်လို့  မောင်းမကန်ရွာခံတချို့ကတော့  ပြောပါတယ်။

မောင်းမကန်ရွာခံတဦးက "သူတို့ဝင်ဖမ်းတဲ့အိမ်တအိမ်မှာ လူမရှိလို့ တံခါးရိုက်ဖွင့်ပြီး ဝင်သေးတယ်။ ဒေါ်တရုတ်မကတော့ သူ့သားကို လာဖမ်းတာ မတွေ့လို့ သူ့ကို ဖမ်းသွားတာ"လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်၊ မနက် ၁ နာရီခွဲလောက်က မောင်းမကန်ကျေးရွာမှာ ဦးဇော်ဝင်းဆိုသူ အမျိုးသား တယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောအဖွဲ့ဝင်တွေက PDF ထောက်ပံ့လို့ ဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အသက် ၄၂ နှစ်အရွယ် ဦးမင်းထိုက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက  စစ်ကောင်စီသတင်းပေးလုပ်လို့ဆိုကာ ပစ်သတ်ခဲ့ပါတယ်။

မောင်းမကန်ကျေးရွာဟာ မောင်းမကန်ကမ်းခြေရှိရာ ကျေးရွာဖြစ်ပြီး ထားဝယ်မြို့နဲ့ ၇ မိုင်လောက် အကွာမှာတည်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013