
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနီး စွမ်းအား ဖုန်းပြင်ဆိုင်က လူငယ် ၅ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖုန်းပြင်သင်နေတဲ့ ဆရာဖြစ်သူ ဆိုင်ပိုင်ရှင်အား စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အနီးနားက ဖုန်းပြင်သင်တန်းတက်နေတဲ့ လူငယ် ၅ ဦးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၅ ဦးကို စွမ်းအားဖုန်းပြင်ဆိုင်က ဆရာဖြစ်သူက အာမခံနဲ့ ထုတ်ပေးခဲ့တာကြောင့် လူငယ်တွေ ပြန်လည်လွတ်မြောက်လာပြီး ဆရာဖြစ်သူကိုတော့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲမှာ ဖမ်းဆီးထားလိုက်တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး ကျဆုံးသွားပြီး တိုက်ခိုက်မှုဟာ ဖမ်းဆီးခံရတဲ့လူတွေနဲ့ မသက်ဆိုင်ကြောင်း ကလေး PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လတ်တလော စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀ ကျော်နဲ့ ပစ်ခသတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။