DVB Logo
Home
မြန်မာသတင်း
တော်လှန်လူငယ်များ ဖန်တီးထားသည့် သေနတ်ပစ်ဂိမ်း ပလေးစတိုးတွင် ထိပ်​ဆုံးရောက်
DVB
·
July 28, 2022
တော်လှန်လူငယ်များ ဖန်တီးထားသည့် သေနတ်ပစ်ဂိမ်း ပလေးစတိုးတွင် ထိပ်​ဆုံးရောက်
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်သူ တော်လှန်လူငယ်တွေ ဖန်တီးတီထွင်ထားတဲ့ End Game - Union Multiplayer ဟာ ပလေးစတိုးရဲ့ လိုကယ်ဇယားမှာ Mobile Legend (MLBB) ကိုကျော်ပြီး ထိပ်ဆုံး နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

‘End Game - Union Multiplayer’ ကို Digital Strike ထောက်ပို့အဖွဲ့အစည်းတခုဖြစ်တဲ့ Shoot and Support က ထုတ်ဝေခဲ့တာပါ။

ဂိမ်းကစားသူတွေဟာ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့ (EROs) တွေအဖြစ် ရန်သူ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရမှာဖြစ်ပြီး အွန်လိုင်းက အဖွဲ့လိုက် ချိတ်ကစားနိုင်တဲ့ ဂိမ်းတမျိုးလည်း ဖြစ်ပါတယ်။

အဆိုပါဂိမ်းဟာ မြန်မာနိုင်ငံရှိ လူငယ်တွေအကြား ခေတ်စားနေတဲ့ PUBG/ Call of Duty လို အွန်လိုင်းဂိမ်းတမျိုးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး Multiplayer Shooter ဂိမ်းတခုပါ။ ဂိမ်းကစားရာမှာ လိုင်းဆွဲအားကောင်းစေဖို့နဲ့ ဂိမ်းအတွက် ကြော်ငြာငွေရရှိမှု ထိရောက်ဖို့အတွက် Premium VPN တမျိုးမျိုးကို အသုံးပြုပေးဖို့ကိုလည်း ဂိမ်းတီထွင်သူတွေက တောင်းဆိုထားပါတယ်။

ဂိမ်းဖန်တီးသူ ကိုသောမတ်စ်က “ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာ စွဲစွဲလန်းလန်း ဖြစ်နေတဲ့ Game တခုဖြစ်အောင် ကျနော်တို့ ဖန်တီးပေးပါမယ်။ ညီအစ်ကိုတို့က အမြဲမပြတ် ပါဝင်သွေးဆူပေးနေပါ” လို့ တိုက်တွန်းထားပါတယ်။

End Game - Union Multiplayer ကို နေ့စဉ်ဝင်ရောက်ဆော့ကစားသူ ဦးရေဟာ ၁,၆၀၀ လောက်ရှိနေပြီး တနေ့ကို ပျှမ်းမျှဝင်ငွေ ၄၂ သိန်းခန့် ရရှိနေပါတယ်။

ဂိမ်းမှရရှိငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ မြေပြင်တော်လှန်ရေးသမားတွေဆီကို ပေးပို့ထောက်ပံ့နေပြီး လက်ရှိအချိန်ထိ သိန်း ၁,၅၀၀ လောက် ထောက်ပံ့ထားနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013