DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်က လက်မှုလုပ်ငန်းလုပ်ကိုင်သူအချို့ အခက်အခဲများဖြင့် ရင်ဆိုင်နေရ
DVB
·
July 28, 2022
ယင်းမာပင်မြို့နယ်က လက်မှုလုပ်ငန်းလုပ်ကိုင်သူအချို့ အခက်အခဲများဖြင့် ရင်ဆိုင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အိမ်တွင်းလက်မှုလုပ်ငန်းတခုဖြစ်တဲ့ ထိုင်ခုံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရပါတယ်။

ထိုင်ခုံတခုပြုလုပ်ရာမှာ ထန်းလက်၊ သစ်သား၊ ဝါးနဲ့ ရိုက်သံ စတဲ့ပစ္စည်းတွေ ပါဝင်ပြီး အဲဒီပစ္စည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝယ်ယူလို့ အဆင်မပြေတာတွေ ရှိနေသလို ကုန်ကြမ်းပစ္စည်းတွေကလည်း ဈေးကွက်ကြီးမြင့်နေတာကြောင့် ရောင်းဝယ်ရေးမှာလည်း အဆင်မပြေကြဘူးလို့  လက်မှုလုပ်ငန်း ထိုင်ခုံလုပ်ကိုင်သူတချို့က ပြောပါတယ်။

ထိုင်ခုံလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်နေသူတဦးက “လက်ရှိအချိန်မှာ နေရာတိုင်း သွားလာမှု အဆင်မပြေတော့ ကုန်ကြမ်းက ဝယ်လို့မရတော့ဘူး။ နဂိုတုန်းကတော့ ပေါတာပေါ့၊ ထော်လာဂျီနဲ့ လာရောင်းလိုက် ကားနဲ့လာရောင်းလိုက်ပေါ့။ အခုကျတော့ သူတို့ကလည်း သွားလာဖို့ မရတော့တာကြောင့် ဒီနားပတ်လည်လေးမှာ လာရောင်းတဲ့သူတွေဆီကပဲ ဝယ်ပြီး လုပ်ကြရတာ။ နဂိုတုန်းက ထိုင်ခုံ ၁ လုံးကို ၂,၂၀၀-၂,၅၀၀ ကျပ်နဲ့ ဝယ်မယ့်သူပေါတော့ ရောင်းရတာ သွက်တယ်။ အခုကျ နိုင်ငံရေးအခြေအနေမကောင်းတော့ ရောင်းရတာလည်း အဆင်မပြေဘူး။ တခါတလေ အိမ်ထဲမှာ ထိုင်ခုံ အလုံး ၄၀-၅၀ လောက် ပုံနေတာ။ ဟိုတုန်းက လုပ်ရတာလည်း အဆင်ပြေသလို သွားလာမှုကလည်း အဆင်ပြေတယ်။ အခုကျတော့ လုပ်ရတာ စားဖြစ်သောက်ဖြစ်တောင် မရှိဘူး။ တခါတလေ လုပ်ထားတဲ့ထိုင်ခုံတွေ အိမ်ထဲမှာပဲ ပုံထားရတာ” လို့ ပြောပါတယ်။

ထိုင်ခုံလုပ်ငန်းလုပ်ကိုင်နေသူ နောက်တဦးက “ရောင်းရတာက လျှောက်ရောင်းရတာဆိုတော့ ခက်ခဲတာပေါ့၊ သိပ်ရောင်းလို့မရတော့ဘူး။ အခုကျတော့ ဆိုင်ကယ်နဲ့သွားရောင်းရင် ၁၀ လုံးတင်သွားပေမဲ့ ၃-၄ လုံးလောက်ပဲ ရောင်းရပြီး ကျန်တာ ပစ်ထားခဲ့ရတာပေါ့။ ဟိုဘက် သူတို့မှာလည်း အခက်အခဲတွေရှိတာပေါ့။ ပြေးရလွှားရနဲ့ အလုပ်က သိပ်မလုပ်ရတော့ ပိုက်ဆံလည်း သိပ်မရှိကြသလို တခါတလေ ထိုင်ခုံရောင်းရင်းနဲ့ ကိုယ်ပါ ရောပြေးခဲ့ရတာ။ နဂိုတုန်းက ဒီစစ်အစိုးရ အာဏာမသိမ်းခင်ကဆိုရင် ပစ်ထားခဲ့ရတယ်ဆိုတာ မရှိဘူး။” လို့ ပြောပါတယ်။

ထိုင်ခုံစျေးတွေက အရင်တုန်းက ထိုင်ခုံ တလုံးကို ကျပ် ၂,၂၀၀-၂,၅၀၀ နဲ့ ရောင်းရပေမဲ့ အခုကျတော့ ဈေးကျသွားပြီး တလုံးကို  ကျပ်  ၂၀၀၀ လောက်ပဲရတော့တယ်လို့လည်း  ထိုင်ခုံလုပ်ငန်းလုပ်ကိုင်နေသူက ပြောပါတယ်။

ထိုင်ခုံ တလုံး ပြုလုပ်ရာမှာ ကုန်ကြမ်းပစ္စည်းစုစုပေါင်း တန်ဖိုး  ၁,၂၀၀ ကျပ်ဝန်းကျင်ထိ ကုန်ကျပြီး လုပ်ကိုင်ပြီးစီးမှုဟာ တနေ့ကို ထိုင်ခုံ ငါးလုံးဝန်းကျင်သာ ပြီးစီးကြောင်း၊ လက်ရှိအချိန်မှာ ထိုင်ခုံ ဈေးရော ရောင်းအားပါ ကျဆင်းမှုတွေကြောင့် စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့  ထိုင်ခုံလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013