DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးမှုအပေါ် တောင်ကိုရီးယား အရပ်သားလူ့အဖွဲ့အစည်းက ရှုတ်ချ
DVB
·
July 28, 2022
သေဒဏ်ပေးမှုအပေါ် တောင်ကိုရီးယား အရပ်သားလူ့အဖွဲ့အစည်းက ရှုတ်ချ
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းက  ပြင်းထန်တဲ့ သတိပေးမှုတွေနဲ့ တောင်းဆိုမှုတွေကြားက  စစ်ကောင်စီက ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို  သေဒဏ်ပေး သတ်ဖြတ်ခဲ့တာဟာ အာဏာတည်မြဲမယ်ဆိုပါက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်နိုင်စွမ်းရှိတဲ့ အုပ်စုဖြစ်ကြောင်း သက်သေပြခဲ့တာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ တောင်ကိုရီးယား အရပ်သားလူ့အဖွဲ့အစည်းက ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၄,၀၀၀ ကို ဖမ်းဆီးကာ ၁၁၄ ဦးကို သေဒဏ်ချမှတ်ထားပြီးဖြစ်တာကြောင့် နောက်ထပ် ဘယ်နှယောက် ကွပ်မျက်ခံရမယ်ဆိုတာ မသိနိုင်တဲ့ အန္တရာယ်ထဲမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အခုလို သေဒဏ်စီရင်တာဟာ ကိုယ်ကိုယ်တိုင် နိုင်ငံတကာအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာလိုက်တာသာဖြစ်ပြီး အာဆီယံမှာပေးထားတဲ့ ကတိတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်ဆောင်ရမယ့် တာဝန်နဲ့ ဝတ္တရားတွေကို ဂရုမစိုက်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သေဒဏ်စီရင်ခဲ့တဲ့ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာစစ်တပ်နဲ့ အလုပ် လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီတွေကိုလည်း ထပ်မံသတိပေးလိုက်ကာ နိုင်ငံတကာ အသိုက်အဝန်းက ပြစ်တင်ရှုတ်ချသွားမယ်လို့လည်း သိရပါတယ်။

မြန်မာ့ဒီမိုကရေစီအား ထောက်ခံအားပေးတဲ့ တောင်ကိုရီးယား အရပ်သားအဖွဲ့အစည်းဟာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013