DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းမည့်အတွေးအခေါ်များငြင်းပယ်ကြရန် ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၀ ကျော် တိုက်တွန်း
DVB
·
July 27, 2022
စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းမည့်အတွေးအခေါ်များငြင်းပယ်ကြရန် ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၀ ကျော် တိုက်တွန်း
Donate to DVB

စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမယ်ဆိုတဲ့အတွေးအခေါ်တွေကို ငြင်းပယ်ကြဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၀ ကျော်က လေးလေးနက်နက်တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်နဲ့ သူတို့ရဲ့လက်ဝေခံအပေါင်းအပါတွေဟာ ပြည်သူလူထုအပေါ် လက်နက်အားကိုးဗိုလ်ကျနေပြီး ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အကြမ်းဖက်ဖမ်းဆီးနေတာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ထောင်အာဏာပိုင်တွေက ကြိုးကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ် ကျောင်းသားသမဂ္ဂတွေအနေနဲ့ များစွာယူကြုံးမရနာကျည်းမိပြီး သူတို့ ၄ ယောက်အပါအဝင် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်အပေါင်းကို အလေးနီပြုတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းက ကျောင်းသားသမဂ္ဂအဖွဲ့ ၁၆၄ ဖွဲ့ ပါဝင်တဲ့ ကိုယ်စားလှယ်များကော်မတီက စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်တစ်ယန္တရားတွေနဲ့ တည်ဆောက်ထားတဲ့ ဖက်ဆစ်စစ်တပ်ကို လူထုအားနဲ့ အပြီးသတ်ချေမှုန်းပြီး လူမျိုးပေါင်းစုံ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေးကို ဦးတည်ချီတက်သွားမယ်လို့ ကတိသစ္စာပြု​တယ်လို့လည်း ဆိုပါတယ်။

ကျောင်းသားပြည်သူတရပ်လုံးအနေနဲ့လည်း စစ်အုပ်စုအပေါ် ခြွင်းချက်မရှိ ရန် ငါပြတ် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့နဲ့ စေ့စပ်ညှိနှိုင်းရေး အတွေးအခေါ်တွေကို ခြွင်းချက်မရှိ ငြင်းပယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013