ဈေးကွက်စီးပွားရေးမှာ ပြိုင်ကားတင်သွင်းခွင့် ပိတ်ပင်တာ မမှန်ဟု ပြောဆို
DVB
·
April 7, 2014
တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ ပြိုင်ကား တင်သွင်းခွင့်ကို ပိတ်ပင်လိုက်တာဟာ မလုပ်သင့်တဲ့အလုပ် ဖြစ်တယ်လို့ Farmer Auto ပိုင်ရှင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ပြိုင်ကားမောင်းသူတွေ ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်း ချိုးဖောက်မှု တွေ ရှိခဲ့တယ်ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြိုင်ကားတင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့အပေါ် သူက ခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
တကယ်ဆို ဥပဒေ ချိုးဖေက်သူတွေကို ဥပဒေအတိုင်း အရေးယူသင့်ပြီး ခုလို ကားတင်သွင်းခွင့် ပိတ်ပင်တာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ သူကရှင်းပြပါတယ်။
ပြိုင်ကားတွေ တင်သွင်းခွင့် ပိတ်ပင်လိုက်ပေမယ့်လည်း ပြည်တွင်းမှာ ဈေးကွက်က ကျဉ်းတဲ့အတွက် ကားဈေးကွက်တခုလုံးကိုတော့ ထိခိုက်မှာ မဟုတ်ဘူးလို့ သူက မှတ်ချက် ပေးပါတယ်။