DVB Logo
Home
မြန်မာသတင်း
PDF ထောက်ပံ့သည်ဟုစွပ်စွဲပြီး လောင်းလုံးဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
July 25, 2022
PDF ထောက်ပံ့သည်ဟုစွပ်စွဲပြီး လောင်းလုံးဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးကို ညသန်းခေါင်ကျော်ချိန် အိမ်မှာလာနှိုးပြီး PDF ထောက်ပံ့တယ်လို့ စွပ်စွဲကာ သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(LLPDF) ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၄ ရက် သန်းခေါင်ကျော် ဇူလိုင် ၂၅ ရက် မနက် ၀၀း၃၀ အချိန်မှာ သဘော့ဆိပ်ရွာနေသူ အသက် ၅၃ နှစ်အရွယ် ဒေါ်ပွားဆိုသူကို ကားတစီးနဲ့ လူ ငါးယောက်လောက် လာရောက်ပစ်သတ်သွားပြီး “စွန်ရဲအဖွဲ့က လုပ်တယ်” ဆိုပြီး ပြောဆိုသွားတယ်လို့ ရွာခံတဦးက ဆိုပါတယ်။

“ဒေါ်ပွားက PDF ထောက်ပံ့နေသူမဟုတ်ဘူး၊ အရင်(ဆန္ဒပြချိန်)က ဆန္ဒပြတာတော့ရှိတယ်။ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် ရွာသားအချင်းချင်း လုပ်ကြံခိုင်းတာ ဖြစ်နိုင်တယ်။”

အလားတူ ဇူလိုင် ၂၅ မနက် ၁:၃၀ လောက်က မောင်းမကန်ရွာ အမ်ဒေါပြင်ရပ်ကွက်နေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးဇော်ဝင်းအိမ်ကို မောင်းမကန်ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ကားနဲ့ ရောက်လာပြီး ဦးဇော်ဝင်းအား သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ LLPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်းမကန်ရွာသား တဦးက “မိသားစု အားလုံးကို အိမ်အောက်ခေါ်ချပြီးတော့ ဝပ်ခိုင်းထားတယ်။ ဦးဇော်ဝင်း ပစ်သတ်ခံရတော့ သူသားက မော်ကြည့်မိလို့ မောင်းမကန်ရဲစခန်းက ပါတယ်ဆိုတာသိတာ” လို့ ပြောပါတယ်။

ဦးဇော်ဝင်းကို မိသားစုဝင်များရှေ့မှာ ပစ်သတ်ပြီးနောက် နေအိမ်ရှိ ဖုန်း ၂ လုံး၊ လက်စွပ်တကွင်းနဲ့ ကားတစီးကိုလည်း သိမ်းဆည်းသွားတယ်လို့ LLPDF ထုတ်ပြန်ချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့၊ စွဲရဲအဖွဲ့တွေက ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ FE5 Tanintharyi Report Series မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013