Home
မြန်မာသတင်း
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေဆိုင်တခု ဓားပြတိုက်ခံရ
DVB
·
July 24, 2022

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၁၂၅ လမ်း၊ ၅၈ လမ်းနဲ့ ၅၉ကြား (စ)လုံး​စျေး မြောက်ဘက်တိုက်တန်းရှိ မောသစ်ရွှေဆိုင် ဇူလိုင် ၂၄ ရက် နေ့လယ် ၂ နာရီလောက်က ဓားပြတိုက်ခံခဲ့ရပါတယ်။

မောသစ်ရွှေဆိုင်ကို အမည်မသိ လူ ၂ ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ကာ ရွှေထည်ပစ္စည်းတွေ လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မောသစ် ရွှေဆိုင် ဓားပြတိုက်ခံရတာ။ ဆိုင်က ဝန်ထမ်းတယောက်လည်း ခြေထောက် သေနတ်မှန်တယ်ကြားတယ်။ စောစောလေးကတော့ အဲ့ဒီနားမှာ အရပ်ဝတ် လက်နက်ကိုင်တွေရော၊ စစ်သားတွေရော စစ်ဆေးနေတာတွေ့တယ်” လို့ အနီးပတ်ဝန်းကျင်ရှိပြည်သူတဦးက ပြောပါတယ်။

ဓားပြတိုက်သူတွေက နားကပ် အရံ ၂၀၀၊  ကျောက်နားကပ် အရံ ၁၀၀၊ ဆွဲသီး အလုံး ၁၀၀ ၊ တဖက်နားကပ် ၁၉၆ ခု၊ ရွှေလက်စွပ်အကွင်း ၃၀၀၊ ရွှေကလစ် ၉၆ ခု၊ ငွေသားသိန်း ၆၀ ကျပ် စုစုပေါင်း ရွှေအလေးချိန် ၁ ပိဿာ ၅ ကျပ်သား စုစုပေါင်း ကာလတန်ဖိုးသိန်း ၂၀၀၀ ကျပ်ဖိုးလောက် ယူသွားတယ်လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ဈေး၊ ၁၃၄ လမ်း၊ ၆၂ လမ်း နဲ့ ၆၃ လမ်းကြားက မောသစ်ရွှေဆိုင်ဆိုင်ခွဲတခု ဓားပြတိုက်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024