DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် မေလမှဇူလိုင်လအထိ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိ
DVB
·
July 24, 2022
အရာတော်တွင် မေလမှဇူလိုင်လအထိ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိ
Donate to DVB

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ မေ ၂ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့မှ မီရှို့ဖျက်ဆီးခဲ့တဲ့ အိမ်ခြေပေါင်း ၈၂၃ အိမ် ရှိတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ခြေပေါင်း ၈၂၃ အိမ်စာရင်းဟာ အရာတော်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၈ ရွာရဲ့ စာရင်းဖြစ်ပြီး အဲ့ဒီအထဲက အိမ်ခြေအများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာကတော့ မလဲသာကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ခြေစာရင်းမှာတော့ မလဲသာကျေးရွာ ၆၁၈ အိမ်၊ ထန်းတောကုန်းကျေးရွာ ၈ အိမ်၊ ရွှေတွင်းကုန်းကျေးရွာ ၈၉ အိမ်၊ စက်‌ကျေးရွာ ၁၁ အိမ်၊ အုပ်ရှစ်ကြီးကျေးရွာ ၈ အိမ်၊ သစ်ချိုကျေးရွာ ၂၇ အိမ်၊ ဟင်္သာကျေးရွာ ၂၃ အိမ် နဲ့ ဆင်တလည်ကျေးရွာ ၃၉ အိမ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အရာတော်မြို့နယ်အတွင်း မကြာခဏဆိုသလို စစ်ကြောင်းလှည့်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ ပြည်သူတွေရဲ့ နေအိမ်တွေသာမက အိမ်မွေးကျွဲနွား တိရစ္ဆာန်၊ လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ ကား/ဆိုင်ကယ်ယာဉ်တွေကိုပေ ဖျက်ဆီးသွားလေ့ရှိသလို နေအိမ်အတွင်းရှိ အဖိုးတန်ရွှေငွေရတနာတွေနဲ့ စားနပ်ရိက္ခာတွေကိုပါ ရှာဖွေယူဆောင်သွားလေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ အဲ့ဒီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး “အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်‌သော လူမဆန်သည့် အကြမ်းဖက်စစ်ရာဇဝတ်မှုများ” အဖြစ် မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး နိုင်ငံတကာတရားရုံး International Court of Justice ( ICJ ) ထံ သက်သေအဖြစ် တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ပြည်သူတွေလည်းရှိပြီး အရေတွက်အတိကျကိုတော့ စာရင်းရယူနေတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အရာတော်မြို့နယ်မှာ နေအိမ်မီးရှို့ခံရတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်တဲ့ အိမ်ထောင်စုပေါင်း ထောင်နဲ့ချီရှိနေပြီး အဲ့ဒီပြည်သူတွေအတွက် ယာယီနေထိုင်စားသောက်ရေးနဲ့ ဆေးဝါးပစ္စည်းအကူညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013