DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေး
DVB
·
April 5, 2014
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲနိုင်ရေးအတွက် အစိုးရ တပ်မတော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ဧပြီလ ၅ ရက်နေ့က ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးမှုတွေကို ဧပြီလ ၅ ရက်နေ့က စတင်ပြုလုပ်နေပါတယ်။

NCCT and MPC 05042014အခုတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပထမဆုံး တွေ့ဆုံဆွေးနွေးတာဖြစ်တဲ့အတွက်  ထူးခြားမှု တခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အရင်က မပါဝင်ခဲ့တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ပြန်လည် ထုထောင်ရေးကောင်စီ၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ ဆွေးနွေးပွဲတက်ရောက်တာကို တွေ့ရပါတယ်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဂွမ်မော် က “ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့ တက်ရောက်တယ်ဆိုတာ ဒါပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ တကယ် မှတ်တမ်းတင်ဆိုအပ်တဲ့ အနေအထားဖြစ်တယ်။” ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ဆန္ဒရှိနေပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်လို့ ၅၀ ရာခိုင်နှုန်းလောက် သဘောတူညီမှု ရှိနေပြီလို့ ဆိုပါတယ်။

ဆလိုင်းလျန်မုန်းဆာခေါင်း က “မြစ်ကြီးနားမူနဲ့ လော်ခီးလာမူ ၂ ခုကို အခြေခံပြီးတော့ တခုတည်း ပေါင်းရေးဖို့ သဘောတူထားပြီးပြီ။ အဲဒီထဲမှာ အခန်း ၇ ခန်း ပါမယ်။ အဲဒီ အခန်း ၇ ခန်းမှာ ၁ က အခြေခံမူတွေဖြစ်မယ်၊ ၂ က ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ဖြစ်မယ်၊ ၃ က အပစ်အခတ် ရပ်စဲခြင်း ဖြစ်မယ်၊ ၄ က အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုခိုင်မှာအောင် လုပ်မလဲဆိုတာ ဖြစ်မယ်၊ ၅ က နိုင်ငံရေးဆွေးနွေးပွဲဖြစ်မယ်၊ ၆ က ရှေ့လုပ်ငန်းစဉ် ဖြစ်မယ်၊ ၇ က အထွေထွေ ဖြစ်မယ်။ အဲဒီအထဲမှာ သူတို့ရဲ့မူ ထဲက အရင်ကပါတဲ့ အခန်း ၁၄ ခန်းလုံးကို အံဝင်ခွင်ကျဖြစ်အောင် ထည့်မယ်။ ကျနော်တို့ လော်ခီးလာရဲ့ အခန်း ၁၁ ခန်းကို အံဝင်ခွင်ကျဖြစ်အောင် ထည့်မယ်။ အဲဒီကနေ အခြေခံပြီးတော့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်”လို့  ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုတဲ့ အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးတဲ့အပြင် အစိုးရ စစ်တပ်နဲ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013