DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့အနီး BGF ကင်းစခန်း ၁ ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်
DVB
·
July 22, 2022
မြဝတီမြို့အနီး BGF ကင်းစခန်း ၁ ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့  ၂ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ  BGF နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းတစ်ခုကို  အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က  ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ပစ်ခတ်တိုက်ခိုက်  သိမ်းပိုက်သွားတယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

BGF တပ်ဖွဲ့ဝင် ၇ ယောက်လောက်ရှိတဲ့  တုံးတံတား (ခ) ပွင့်လင်းအေးမြိုင်စခန်းလို့ လူသိများတဲ့ ကင်းစခန်းကို  အမည်မသိ လက်နက်ကိုင်အဖွဲ့က အင်အား ၄၀ လောက်နဲ့ ရောက်လာပြီး  စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ BGF တပ်သား တယောက် ပွဲချင်းပြီးသေဆုံး၊ ၂ ယောက် အရှင်ဖမ်းဖိကာ၊   ၄ ယောက်ကတော့  BGF တပ်ဖွဲ့သို့ ပြန်လည်ထွက်ပြေးသွားတယ်လို့ သတင်းထွက်နေပြီး  ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး  အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာ  စစ်ကောင်စီလက်အောက်ခံ BGF တပ်ထံကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။

BGF တပ်ဖွဲ့က စစ်ကူတွေကတော့ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရသလို စစ်ကောင်စီ လက်နက်ကြီးတပ်ဖွဲ့ကလည် ဒီနေ့ည ၈ နာရီလောက်အထိ  လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့  ကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013