DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
July 22, 2022
ကျိုက်ထိုမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကနေ  ၁၂ ရက်နေ့ထိ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ် ဝင်းကံနဲ့ ဇီးပြောင်းကျေးရွာအုပ်စုထဲကို လက်နက်ကြီး အလုံး ၅၀ လောက်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ဟာ သိမ်ဇရပ်အနီး ဓမ္မဒူတဘုန်းကြီးကျောင်း အတွင်းကနေ ဇီးပြောင်းနဲ့ဝင်းကံကျေးရွာအုပ်စုထဲကို လက်နက်ကြီး ၉ လုံး ထပ်မံ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲက လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သထုံခရိုင် PDF တာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ ညပိုင်းအချိန်တွေမှာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဟာ ဒေသခံပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ ဒုက္ခပေးနေတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေထဲ မနေရဲကြတော့ဘဲ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းခိုနေထိုင်နေရပါတယ်။

လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့နေရာထိုင်ခင်း အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013